OUR UTOPIA - 27

7.8K 867 141
                                    

(Unicode)

ညခင်း၏လေပြေအေးသည် အမောပြေစေလွန်း
သည်ဟုဆိုပါလျှင် ဂျုံးဂုငြင်းဆိုရပါလိမ့်မည်။
နွားနို့ပူပူတစ်ခွက်နှင့် အခန်းထဲဝင်လာသော
အစ်ကို့ပုံရိပ်ကလေးကသာလျှင် သူ့အမောတွေအား
ပြေပျောက်နိုင်စွမ်းသော မြင်ကွင်းလေး ။

ညဝတ်စုံအဖြူရောင်လေးနဲ့ ပန်းနုရောင်အသား
အရေလေးက နုထွတ်ကာဝင်းနေပြီး ကကြီးပုံစံ
နှုတ်ခမ်းလေးတွေအောက်မှ သွားတန်းဖြူဖြူတို့
ကလည်း ကမာဥသောပုလဲလုံးလေးများလို
ရိုးရှင်းစွာနဲ့ပနံရလွန်းပါ၏။

အစ်ကို့အလှက မိန်းမဆန်သောအလှမျိုးမဟုတ်။
နွဲ့နှောင်းခြင်းမရှိတဲ့ ကိုယ်နေဟန်ထားက
ညို့ငင်ခြင်းမပြုပါဘဲနှင့်တောင် ဆွဲဆောင်ဖို့
လုံလောက်သည် ။ ညုခြင်း ၊ တုခြင်း
ကင်းသော ခပ်သြသြအသံလေးကလည်း
ဟန်ဆောင်ခြင်းကင်းပြီး ချစ်မြတ်နိုးဖွယ်ရာအတိ။
ထိတွေ့တိုင်းမှာ မနေတတ်စွာဖြင့်
ရုန်းကန်ချင်တတ်သော ပင်ကိုယ်ဗီဇလေးကပင်
အရိုင်းဆန်စွာဖြင့် မက်မောဖို့ကောင်းနေပြန်သေး၏။

ဂျစ်ကန်ကန်မျက်လုံးလေးတွေနဲ့ စောင်ကြည့်တိုင်းမှာ
သူ့အသည်းနှလုံးတွေ တဖြုတ်ဖြုတ်ကြွေရသည်။

ချစ်မိတာသိပ်များတဲ့အခါ သစ္စာတရားက
အလိုလိုလိုက်ပါသည်ထင်၏။ အစ်ကိုမှ
မဟုတ်လျှင် မည်သည့်အလှတရားကမှ
သူ့မျက်လုံးထဲ တိုးမပေါက်တော့။

ခုန်ခဲ့ရသမျှ နှလုံးအိမ်ရဲ့သံစဉ်တိုင်းက
အစ်ကို့အတွက်သာလျှင် ။

" ချစ်ဖို့ကောင်းလိုက်တာ "

အစ်ကိုကမ်းပေးသော နွားနို့ကိုလက်လှမ်း
ယူလိုက်ပါသော်လည်း သူ့မျက်လုံးကမူ
အစ်ကို့မျက်နှာလေးကိုသာ ငေးမျှော်၍။

" နို့လေးတစ်ခွက်တိုက်တာကို
အဲ့လောက်မြှောက်ဖို့လိုလို့လား ? "

ထယ်ယောင်းသည် ကုတင်ပေါ်သို့တက်လိုက်သော်လည်း
လှဲမအိပ်သေးဘဲနဲ့ စောင်ကိုသာခါးအထိ
ဆွဲခြုံရင်းခြေဆင်းလျက်ရှိသည်။

" ညနေတုန်းကလည်း ဘာတွေလုပ်မှန်းမသိဘူး။
ဟိုကောင်လေးကတော့ ထားပါတော့ ။
ကောင်မလေးတွေဆို ဘယ်လောက်ရှက်သွား
မလဲ ။ အနေအထိုင်ကိုမတတ်ဘူး ။ ပြီးတော့လည်း
ခြိမ်းခြောက်လိုက်သေးတယ် ။ မသိရင် သူမွေးထားတဲ့
ကလေးကျလို့ ဆူလိုက် ၊ ဟောက်လိုက်နဲ့ "

OUR UTOPIA [Completed]Where stories live. Discover now