(Unicode)
ရုံးပိတ်ရက်မနက်ခင်းတစ်ခု ။
ထယ်ယောင်းသည် စောစောစီးစီး
နိုးနှင့်နေသောကြောင့် ဟန်မြစ်ဘေးတွင်
အားကစားလုပ်ရန် ဆုံးဖြတ်လိုက်သည်။အားကစားဘောင်းဘီတိုနှံ့နှံ့ကို ဆင်မြန်း၍
နားကြပ်ကိုကောက်တပ်လိုက်၏။
အနည်းငယ်ရှည်လျားနေပြီဖြစ်သော
ဆံပင်တို့်အား နဖူးစည်းတစ်ခုနှင့်
လှန်တင်လိုက်သော်လည်း ၊ ပျော့ပြောင်း
လွန်းသော တွန့်ပွပွဆံပင်တို့မှာ ပြေးလိုက်တိုင်း
လွင့်မြောနေတော့သည်။ဖြတ်သွားဖြတ်လာ မဒီကညာပျိုတို့မှာ
ထိုအဆင်ချောလေးအား အထာပေးချင်
ကြပါသော်ငြား ၊ တစ်လောကလုံးကို
တင်ကျွေးထားဟန်ရသော ခရမ်းချဉ်သီး
မီးဖုတ်ဆိုဒ်မျိုးမို့ ဝေးဝေးသာရှောင်ကြလေသည်။
အခန့်မသင့်ရင် အချေခံရနိုင်ချေများသည်။ထို့ထက် ကြီးမားသော အန္တရာယ်မှာ
ထိုခရမ်းချဉ်သီးမီးဖုတ်ဘေးတွင် ဘော်ဒီ
တောင့်တောင့်နဲ့ ပုရိသတစ်ယောက် ။
အနှီခရမ်းချဉ်သီးကိုထိဖို့မပြောနှင့် ၊
ငေးခနဲကြည့်မိရင်တောင် ဗို့အားတစ်သောင်း
သော မျက်လုံးမျိုးနဲ့ ဘုကြည့်ကြည့်လွှတ်
တတ်လေ၏။ထယ်ယောင်းသည် မြစ်ကမ်းစပ်ဘေးတွင်
မောကြီးပန်းကြီးနဲ့ထိုင်ချလိုက်သည်။
မိမိအရှေ့သို့ ထိုးပေးလာသော ရေဘူးလေးကို
့မြင်လိုက်ရသောအခါ သူ့မျက်လုံးတွေ ဝိုင်းခနဲ။" မောနေပြီလား "
" အင်း "
ထယ်ယောင်းက ဂျုံးဂု၏ ရင်ဘတ်ကို
ရေဘူးနဲ့လှမ်းရိုက်ပြီးဖြေသည်။
ထယ်ယောင်း မအံ့သြတော့ပါချေ။
အရိပ်လိုကပ်နေတတ်သည့် ဒီကောင်လေးကို
မမြင်ရတဲ့ရက်တွေမှ မရှိခဲ့ဘဲ ။မမြင်ရဖူးဆိုတာကမှ ထူးဆန်းနေဦးမည်။
" စာမေးပွဲတွေ နီးလာပြီမလား ။
ငါ့နောက်ပဲ တကောက်ကောက်လိုက်နေရင်
ဘယ်လိုလုပ်စာရတော့မလဲ ။ "ထယ်ယောင်းသည် ရေကိုအမောတကောနဲ့
မြိုချလိုက်ပြီး ဂျုံးဂုထံ မေးလေးဆတ်ကာ
ဆူ၏။