Intro

16.4K 660 34
                                    

(Uni) သရဲဆိုတာကို အယုံအကြည်ရှိကြလားမသိဘူး. . .

လူအများစုက သရဲရှိတယ်ဆိုတာ မယုံကြတာအမှန်ပါ. . .
လူကြီးမိဘတွေကဆိုရင် သရဲထက် လူတွေကပိုကြောက်စရာကောင်းတယ်လို့ပြောစမြဲပါ။

မှန်ပါတယ်. . လူတွေကပိုကြောက်ဖို့ကောင်းပါတယ်. .

လူသားတစ်ယောက်ဆိုတာ စိတ်နဲ့ကိုယ်နှစ်ပါးပေါင်းစပ်မှဖြစ်လာတာပါ။ လူသားတွေရဲ့စိတ်ဝိညာဉ်ဟာ ကိုယ်ကနေ ဆန္ဒမပါပဲထွက်ခွါခဲ့ရတာဖြစ်ဖြစ်. . .မတော်တဆထွက်ခွါခဲ့ရတာဖြစ်ဖြစ်. .  ကျန်းမာရေးချို့တဲ့မှုကြောင့်သေခဲ့ရတာဖြစ်ဖြစ် ကြုံခဲ့ရတဲ့အခါ ထိုသို့သောစိတ်ဝိညာဉ်တွေဟာ လွတ်မြောက်ရာလမ်းကို ပျောက်ဆုံးနေတတ်ကြပီး အစွဲတွေကြောင့် သရဲတွေဖြစ်နေတတ်ကြပါတယ်. . . .

အဲ့ဒီလိုမျိုးသရဲတွေက လူတွေထက်ကိုပိုကြောက်ဖို့ကောင်းတာအမှန်ပါ။

သရဲတစ်ကောင်က လူကိုမသတ်နိုင်ဘူးလို့ ထင်ပါသလား. . . .

သူကိုယ်တိုင်မသတ်နိုင်ခဲ့ရင်တောင် လူတွေရဲ့အမြင်လွှာတွေကိုခြောက်လှန့်နိုင်ပြီး ခြောက်ခြားကာသေဆုံးရနိုင်တဲ့အထိ ဖြစ်တတ်ပါတယ်. . . .

သူတို့ဟာ အစွဲလမ်းတွေ လက်စားချေမှုတွေအောက်မှာသာ နစ်မြောနေတာမို့ လွတ်မြောက်ရာလမ်းကိုရှာတွေ့နိုင်မည်မထင်ပါ။

ဇာတ်လမ်းလေးကတော့ အားလုံးတောင်းဆိုထားတဲ့အတိုင်း Ghost ficပါ။

ခရစ်ယာန်အနုပညာကျောင်းကြီးဟာ တကယ်ပင်သက်ဝင်ကြည်နူးဖွယ်ကောင်းနေသော်လည်း ထိုကျောင်းရဲ့နောက်ကွယ်က ဘာမကောင်းတဲ့အတိတ်တွေရှိခဲ့လဲဆိုတာ မည်သူသိနိုင်လိမ့်မလဲ။

ည ၁၂နာရီတိတိမှာ ထွက်ပေါ်လာတဲ့ တားမြစ်အခန်းထဲမှာရှိသော piano၏ ခြောက်ခြားစွာ တီးခတ်မှုတွေဟာ ဘယ်တော့များမှရပ်တန့်မှာလဲ. . . .

ဒါကိုရော စိတ်ထင်တယ်လို့ ယူဆကြတဲ့တချို့တလေရဲ့ လက်တွေ့စမ်းသပ်မှုတွေလုပ်တဲ့အခါ နောက်ဆက်တွဲဆိုးကျိုးတွေကဘာများဖြစ်မလဲ. . . .

အဲ့ဒီpianoကိုတီးနေသူကဘယ်သူလဲ. . . .အဲ့ဒီတားမြစ်အခန်းကိုဘာလို့ဘယ်သူမှမသွားရဲကြတာလဲ. . . .ဒီဖြစ်ရပ်ကြီးကရောဘယ်သူ့ကြောင့်ဖြစ်လာသလဲဆိုတာ Piano Ghost ဆိုတဲ့ Ficမှာ စိတ်ဝင်တစား ကြောက်လန့်စွာ ဖတ်ရှုရမှာပဲဖြစ်ပါတယ်။

Piano Ghost (Complete)Where stories live. Discover now