Part 39

1.8K 209 31
                                    

(Uni)  . . . . .အား. . . . . . . .အစ်. . . . . . . ,

ဘုရားကျောင်းရဲ့အနောက်ဘက်ထောင့်တစ်နေရာက စတိုခန်းထဲမှာတော့ ရိုက်နှက်သံတွေနဲ့ စစ်သွေးရဲ့အော်သံတွေတို့သာ ရစ်ဝဲနေသည်။

မျက်နှာတစ်ခုလုံးရစရာမရှိအောင် ဖောယောင်းပြီးသွေးသံတရဲရဲထွက်နေတဲ့စစ်သွေးရဲ့အကျီၤစကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး Mr.masကကြည့်လာ၏။

"ဘယ်မလဲ ဇိန်း. . . ပြောစမ်း. . . "

စစ်သွေးရဲ့ခြေထောက်တွေမှာ ထောင်မတ်၍မရနိုင်အောင် အဖွဲ့သားတွေကရိုက်ချိုးထား၍ သူ့မှာယိုင်နဲ့နဲ့သာကျန်တော့သည်။ သို့သော် မာနကတစ်စက်မှမချပေ။

"ဘုရားရှင်က ခင်ဗျားကိုဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူး. . ခင်ဗျားကျုပ်ကိုသတ်လိုက်ရင် ခင်ဗျားရဲ့စိတ်အမှန်ကိုတစ်ကျောင်းလုံးသိသွားစေရမယ်.  .  ကျောင်းသားတွေကိုအထင်မသေးပါနဲ့. . "

တစ်ချိန်လုံးနှိပ်စက်နေတာတောင် မာန်ကမလျှော့၍ Mr.masဒေါသတွေမှာအတိုင်းထက်လွန်။

"ငါဘာအပြစ်မှ လုပ်မထားဘူး. . . "

အကုန်သိနေတဲ့လူရဲ့ရှေ့မှာတောင် မျက်နှာပြောင်တိုက်ကာသူတော်စင်ယောင်ဆောင်တုန်း။

"သူများအသက်ပေါင်းများစွာကိုသတ်ခဲ့ပြီးမှ ဘာမလုပ်ဘူးလို့ခင်ဗျားရဲ့သောက်ပါးစပ်ကထွက်လာသေးတယ်နော် "

"ဘာကွ. . . ငါလည်းလူပဲ အသက်ရှင်ချင်တာပေါ့ ငါအသက်ရှင်ဖို့ငါလုပ်တာအပြစ်တဲ့လားကွ. . . "

စစ်သွေးရဲ့လည်ပင်းကိုကျစ်ကျစ်ပါအောင်ညှစ်ဆုက်ထားရင်း ဒေါသမာန်နှင့်သူပြောလာ၏။ စစ်သွေးမှာ သေမင်းနှင့်အနီးဆုံးနေရာရောက်နေသော်လည်း Mr.masကိုမကြောက်မလန့်နှင့်ကြည့်တုန်းပင်။

"အစ်. . . . ခင်. . .ခင်ဗျားက. .   ဘာလို့သူများဆီကနေမတရားယူခဲ့လဲ. . . အစ်. . . "

"အခုလှုမယ် အခု ဖြတ်သွားပြန်နဲ့. . တစ်ယောက်တစ်မျိုးစိတ်အထွေထွေနဲ့သူတို့ဆန္ဒကိုစောင့်နေရင်း ငါသေရရင်ဘယ်လိုလုပ်မလဲ. . . သောက်အလှုရှင်တွေစောင့်ရင်းငါသေမသွားချင်ဘူး. . အဲ့ဒီတော့ငါအသက်ရှင်ဖို့ငါလုပ်တာ ဇာတ်လာမရှုပ်နဲ့ မင်းသေဖို့ပြင်"

Piano Ghost (Complete)Where stories live. Discover now