(Uni) နှစ်ယောက်သား ပြန်လာတဲ့လမ်းမှာ စကားတို့နှုတ်ဆိတ်နေခဲ့သည်။ ဒါပေမယ့် ရှားရဲ့လက်ကို စစ်သွေးတစ်ယောက် ခပ်တင်းတင်းဆုပ်ကိုင်ထားလေ၏။
သူ့ကိုလက်သီးနဲ့ထိုးလိုက်တာ ဘာကြောင့်လည်းဆိုတာ ရှားနားမလည်။ ညနေတုန်းကလည်း သူ့ကိုအော်တယ် အခုလည်းသူ့ကိုလက်သီးနဲ့ထိုးတယ်. . . ဒါသပ်သပ်မဲ့အကြီးဆိုပြီးတော့အနိုင်ကျင့်တာများလား. . . . .။
တစ်လမ်းလုံး တိတ်ဆ်တ်နေခဲ့ပြီးမှ အဆောင်ဝတွင် ထပ်ပြီး စစ်သွေး သူ့ကိုငေါက်ငမ်းပြန်သည်။
''မင်း ဘာလို့အဲ့ဒီကိုသွားရတာလဲ မင်းရူးနေလား. . တစ်ယောက်တည်းဘာလို့ထွက်သွားတာလဲ''
ဒေါသအိုးရုပ်နဲ့ သူ့ကိုထပ်အော်လိုက်တာမို့ ရှားခမျာပြောစရာစကားရှာမရ။ ထစ်အနေခဲ့သည်။ သူကအပြစ်လုပ်ထားခဲ့တဲ့သူ မလားလေ။
''ဟို. . . .ဟိုလေ . . . အဲ့ဒီနားက စန္ဒယားတီးသံကြားရလို့ သွားကြည့်မိတာ. . . .''
''အဲ့ဒီမှာဘာမှမရှိဘူး တားလည်းတားမြစ်ထားတယ် . . .နောက်ဆိုအဲ့ဒီကိုဘယ်တော့မှမသွားပါနဲ့ မင်းထပ်သွားလို့ကတော့ငါ ဖာသာ့ဆီကိုတိုင်ပစ်မယ်. . .သွား အထဲဝင်တော့. . . ''
စစ်သွေးက သူ့ကိုအကိုတစ်ယောက်လို ဒေါသတွေအလိပ်လိုက်ထွက်ကာ ငေါက်ငမ်းနေတော့ သူ့ခမျာ တကုတ်ကုတ်နဲ့ သု့နေရာသူပြန်သွားရလေတော့သည်။
ဒါပေမယ့်လည်း စွဲမက်စရာ စိတ္တဇဆန်စရာကောင်းတဲ့အဲ့ဒီတီးလုံးတွေကိုတော့ ရှားလုံးဝမမေ့ဘူးဆိုတာ အမှန်ပင်။
# # # # # # # # # # # # # # # # # # # # #
မသေချာသေးတဲ့အချက်အလက်တစ်ချို့ကိုအတည်ပြုချင်တာမို့ မနက်စောစောမှာ စာကြည့်တိုက်သို့ စစ်သွေးအစောကြီးထွက်လာခဲ့သည်။စာကြည့်တိုက်အဝရှိ ခုံတစ်ခုပေါ်သို့ထိုင်နေတဲ့ဦးစိန်စိန်ဆိုတဲ့အဖိုးကြီးကတော့ စစ်သွေးကိုမင်္သကာတဲ့အကြည့်နှင့်ကြည့်နေတော့ စစ်သွေးလည်းခြေလှမ်းမြန်မြန်နဲ့စာကြည့်တိုက်ထဲဝင်သွားလေသည်။
*အဲ့ဒီစာအုပ် ဘယ်ရောက်သွားတာလဲ. . . . . . . . *
စာအုပ်အထပ်ထပ်တွေကိုလှန်လှောရှာသော်လည်း တစ်နေ့ကစာအုပ်နဲ့အတူ ကျောင်းကြီးနဲ့ပတ်သက်တဲ့စာအုပ်တွေအကုန်ပျောက်ခြင်းမလှပျောက်သွားတော့ကား. . . . .
![](https://img.wattpad.com/cover/172154154-288-k436850.jpg)
YOU ARE READING
Piano Ghost (Complete)
Horrorသူငယ်ချင်းတစ်ယောက်ကိုဆုံးရှုံးလိုက်ရပြီးသည့်နောက် သူ့ကိုယ်သူအပြစ်ရှိသူတစ်ယောက်လို့သတ်မှတ်ထားသောသူတစ်ယောက် . . . . ဘာပဲဖြစ်ဖြစ်လူတိုင်းကတော့အသက်ရှင်နေထိုင်ချင်ကြတာပါပဲလေ. . အဲ့ဒီတော့ အသက်ရှင်ဖို့ကြိုးစားခဲ့တဲ့ငါကမှားလား. . . . . အရှုပ်ထွေးကြားထဲမှ ဖြစ...