Part 20

1.9K 237 0
                                    

(Uni) "အဖေ တံခါးပိတ်သွားတာလား. . . . အဖေ တံခါးဖွင့်ပါဦး. . . "

သန့်စင်ခန်းတံခါးမှာ ထူးထူးဆန်းဆန်းလော့ကျနေ၍ သူမအတင်းဖွင့်၏။ ထို့နောက် အပြင်ကသူ့အဖေကြားစေရန် တံခါးကိုအတင်းထုသည်။

. . . . . .ဒုန်း ဒုန်း ဒုန်း. . . . အဖေ. . . တံခါးဖွင့်ဦး. . . . အဖေ. . .

လက်ကသာ တံခါးကိုထုနေပေမယ့် သူမမျက်နှာမှာ ကြောက်ရွံ့မှုတွေပြည့်နှက်ကာ မျက်ရည်တွေဝဲနေပေပြီ။ ထို့နောက် သူမမျက်လုံးလည်း ဗေစင်ကို လုံးဝအကြည့်မပျက်။

အဘယ့်ကြောင့်ဆိုသော် ရေပိုက်ထဲမှ ပိုးဟက်များ တစ်ကောင်ပြီးတစ်ကောင် ထွက်လာ၍ ဖြစ်သည်။ သူမ ထိုသတ္တဝါကို ကြောက်ခဲ့သည်မဟုတ်လား။

ကြမ်းပြင်မှာလည်း ပိုးဟက်တွေပွစိလန်ကာ လျှောက်ပြေးနေကြတော့သည်။

"အဖေ. . . . တံခါးဖွင့်ပေးဦး. . . . . အဖေ. . . . . . "

အခန်းကလုံနေသည်ကတစ်ကြောင်း သူ့အဖေကအလုပ်မှာအာရုံရောက်နေသည်ကတစ်ကြောင်း သူ့အသံကိုလုံးဝမကြားပေ။

ထိုတံခါးဟာ သူမအဖေလာပိတ်သွားသည် လုံးဝမဖြစ်နိုင်ပေ။

. . . . . . . အား. . . . . . . . . . . . . . . . .

ထိုစဉ် သူမရှေ့တည့်တည့်က မှန်ထဲမှာ ဆံပင်ဖွားလားနှင့် သဏ္ဌာန်တစ်ခုပေါ်လာလေသည်။ သူမမှာ ကြောက်လွန်းလှ၍ ငယ်သံပါအောင်အော်တော့၏။

. . . . .flack. . . . flack. . . . . . . . .

သန့်စင်ခန်း၌ ထွန်းထားသော မီးဟာလည်း ပေါက်ထွက်တော့မည့်အလား မှိတ်တုတ်မှိတ်တုတ်ဖြစ်လာခဲ့သည်။
သူမရဲ့ကြောက်လန့်မှုကို မျက်ဖြူ စိုက်ပြီး ရယ်ကြည့်နေသော ထိုအရာကြီး။

. . . . . . . . . .ဟီးဟီးဟီးဟီးဟီး. . . . ka. . k. . .kkk. . . . .

ကလေးဆိုးတွေရယ်သံလို . . . ကျီးကန်းဆိုးတွေရဲ့အော်သံလို ရောထွေးနေသော ရယ်သံကြီးကြောင့် သူမနားကိုအတင်းပိတ်ထားလိုက်သည်။

"မလာနဲ့. . . မလာနဲ့ သွား. . . . . . "

"play with me. . . . . play with me. . . . . "

ခေါင်းကိုတစ်ဖက်သို့ယိမ်းရင်း သူမကို ကစားဖို့အတွက်ခေါ်နေစဉ် မှန်ထဲ၌ အကြွေစေ့မိုးတွေရွာသွန်းလာခဲ့သည်။ ထို့ပြင် အုံလိုက်ပြွတ်သိပ်နေသော ပိုးဟပ်များက သူမအပေါ်သို့ခုန်တက်လာတော့သည်။

Piano Ghost (Complete)Où les histoires vivent. Découvrez maintenant