Part 14

2K 248 21
                                    

(Uni) ''ဟေ့. . . ရှား. . . . .ဘာလုပ်နေတာလဲ. . . ''

မကြာသေးခင်ကဖြစ်ပျက်ခဲ့တဲ့ အဖြစ်တစ်ခုကြောင့် စိတ်နဲ့လူမကပ်ဖြစ်နေသောရှားရဲ့ကျောပြင်ကို ဘုန်းခနဲလှမ်းချလိုက်သော လက်ရဲနိုင်သည့်လေပြေသင်းကြောင့် ရှားဝိညာဉ်နဲ့ကိုယ်ကပ်သေးရဲ့လားမသိ။

ထိုင်နေတဲ့ထိုင်ခုံပေါ်ကနေ ဒူးတုန်ပြီးပြုတ်မကျရုံတမည်ပင်။

''အမယ်လေး. . . . လန့်လိုက်တာ လေပြေရယ်. . . . ''

''နင် ဘာတွေအဲ့ဒီလောက်လန့်နေတာလဲ သရဲဘောကြောင်လိုက်တာ. . . . .''

ရှားကိုရီသဲ့သဲ့နဲ့စနောက်ရင်း ဘေးထိုင်ခုံမှာဝင်ထိုင်လိုက်လေသည်။ သူမကို ပြောပြရမလား မပြောရမလား လေပြေကိုခိုးခိုးကြည့်ရင်း သူအသံတိတ်နေခဲ့မိသည်။

''ဟဲ့ နင့်နဖူးမှာလည်းချွေးတွေနဲ့ ဘာဖြစ်လာတာလဲ ဟင်. . . ငါ့ကိုပြောလေဟယ်. . . ''

ရှားရဲ့နဖူးကချွေးတွေကို ပါလာတဲ့တစ်သျှူ းနဲ့သုတ်ပေးရင်း သူမမေးလေတော့ ရှားလည်းဖုံးကွယ်မထားချင်ပဲ ဒဲ့ပြောလိုက်လေတော့သည်။

''ငါ သရဲတွေ့လာလို့ . . . . ''

မယုံမှန်းလည်းကြိုသိနေလို့ သူ့ကိုယ်သူယုံကြည်ချက်မရှိစွာ ပြောလိုက်ရ၏။ ရှားစကားအဆုံးမှာ လေပြေမျက်လုံးပြူ းသွားလေသည်။

''ဟင်. . . . တကယ်. . . . .ဘယ်မှာလဲ ဘယ်နေရာမှာလဲ ငါသွားကြည့်မယ်. . . ''

သူမကြည့်ရတာ သရဲကိုအရမ်းတွေ့ချင်နေသည့်ပုံပင်။ သူမကိုကြည့်ပြီး ရှားတောင်အံ့သြမိသွားလေရဲ့။

''မင်း မင်း သရဲကိုယုံလား. . . . . .''

''အင်း ယုံတယ်. . . . . . .ငါတစ်ခါမှသရဲကိုမတွေ့ဖူးဘူး . . သရဲကိုတွေ့ဖူးချင်တယ်. . . သရဲကိုမြင်ရဖို့ငါတို့အဖွဲ့တွေအစီစဉ်လုပ်နေကြတာဟ. . ဘယ်နေ့လုပ်ဖြစ်မယ်မသိဘူး. . . . . ''

သူမပုံစံကအားတက်သရောပြောနေတာမို့ ရှားစိတ်ပျက်သွားရသည်။ ဘာပဲဖြစ်ဖြစ် သူမရဲ့တက်ကြွနေပုံက ပိုပြီးချစ်စရာကောင်းနေပုံထောက် ရှားတစ်ယောက်ကြောက်စိတ်နဲ့အတူကြိတ်ရင်ခုန်နေတာများလား။

Piano Ghost (Complete)Where stories live. Discover now