Part 25

1.9K 239 1
                                    

(Uni) ရှားတစ်ယောက် သူရောက်နေတာ ကုသဆောင်ဆိုတာ သူခန့်မှန်းလိုက်မိပြီး အိပ်နေရာကနေ ထထိုင်လိုက်သည်။
ကြောက်လန့်ခဲ့မှုကြောင့် တဒိတ်ဒိတ်ခုန်နေသောသူ့နှလုံးသားတို့. .. . .

ရှား သူ့ရဲ့တုန်ရီနေသော လက်တစ်စုံနဲ့ ဘယ်ဘက်ရင်အုံကိုဖိစမ်းကြည့်လိုက်လေသည်။ သူ့ရဲ့ရင်ခုန်သံကို သူပြန်စမ်းကြည့်ရင်း သွားပေါ်သည်အထိအပြုံးတစ်ခုကို သူဖန်ဆင်းလိုက်၏။

ထို့နောက် လည်ချောင်းတစ်ခုလုံးခြောက်သွေ့ပြီး ရင်ထဲပူလောင်နေတာကြောင့် ဘေးပတ်ဝန်းကျင်ကို ရှားမျက်စိကစားကြည့်လိုက်သည်။

ဘေးမှာချထားသော ရေသန့်ဗူးကြီးတစ်ခုကိုတွေ့တာကြောင့် သူအပြေးအလွှားသွားလိုက်ပြီး ထိပ်အဖုံးမှာဖွင့်ကာ ရေတွေကိုတစ်ကိုယ်လုံးလောင်းချပြီးသောက်သုံးနေတော့၏။

💦💦💦💦💦

"ဟင်. . . ရှားသတိရလာပြီလား. . . .   "

ထိုစဉ် လူနာဆောင်ကို ဝင်လာသောစစ်သွေးတစ်ယောက် ရှားရဲ့ပုံစံကိုမြင်တော့ အံ့သြမိသွားလေသည်။ သူ့အပြောနဲ့လက်တွေ့က ကိုက်နေတော့လည်း စစ်သွေးမအံ့သြပဲမနေနိုင်။ ရှားကတော့ သူ့ကို သူစိမ်းဆန်စွာစိုက်ကြည့်နေရင်း မသိသလိုဖြစ်နေပုံရ၏။

တစ်ကိုယ်လုံးကလည်း ရေတွေရွှဲစိုနေပြီး ရေသန့်ဗူးကိုမနားတမ်းအတင်းသောက်နေတာကြောင့် စစ်သွေး အတင်းထိန်းတားလိုက်လေသည်။

"ရှား သတိထားပါဦးဟ. . . ဘယ်လိုတွေသောက်နေတာလဲ. ? "

သူ့ကိုထိလာသော စစ်သွေးရဲ့လက်တို့. . သူ့ကိုစိတ်ပူနေခဲ့သောစစ်သွေးရဲ့မျက်ဝန်းတို့ဟာ သူ့အတွက်အသစ်အဆန်းဖြစ်နေသလိုပင်။ ရေသန့်ဗူးကိုခပ်တင်းတင်းဆုပ်ကိုင်ထားရင်း သူဘာမှမပြောပဲ စစ်သွေးကိုသာ ငေါင်ကြည့်နေသည်။

စစ်သွေးအသံကြောင့် ရဲသော်နဲ့ဇွဲလည်း နိုးလာရသည်။ ရှား ထလာသည်ကိုမြင်ရတော့ ဇွဲက ပို၍ ပျော်နေသည်။

"ဟေ့ကောင်. . . မင်းထလာတာမှန်တယ်. . . အမယ်လေး. . မင်းအဲ့ဒီတုန်းက ဘာဖြစ်ခဲ့လဲဟင်. . . ဘာတွေဖြစ်ခဲ့တာလဲ. . . "

Piano Ghost (Complete)Where stories live. Discover now