Part 21

1.9K 235 2
                                    

(Uni) သတ္တိရှိလှစွာသော ရှားမှာ ထိုကျောင်းအိုကြီးဆီသို့ ရောက်သွားခဲ့တော့သည်။ ရောက်ဖို့ဆိုတာလည်း တော်တော်အလှမ်းဝေသည့်အပြင် လမ်းတွေကလည်းချုံပုတ်များနှင့်ပိတ်ဖုံးလှ၍ အလွန်ပင်ခက်ခဲသည်။

သို့သော်လည်း တစ်ခါသွားထားဖူးတဲ့မှတ်ဉာဏ်နှင့် သူကြိုးစား၍ ရောက်ရှိသွားသည်။

. . . . . .ဝုတ် ဝုတ်. . ဝုတ်. . . . . . . . . . .   အမယ်လေး. . . 

သူလာလိုက်လျှင် အမြဲတမ်း ခွေးတွေနဲ့တိုးသည်။

"ဒီခွေးတွေက ဘယ်ကခွေးတွေလဲ သွားစမ်း. . . . . ရှုး. . . "

သူနှင်ထုတ်နေစဉ် ပေါက်ပြဲနေသောဝတ်ရုံရှည်အဟောင်းတစ်ထည်နှင့် လူကြီးတစ်ယောက်ပြေးလာလေ၏။ ရုတ်တရက်ကြီးပြေးလာတာဆိုတော့ ရှားလန့်ပြီးနောက်ဆုတ်မိသည်။
ထိုလူကြီးက ခွေးတွေရဲ့လည်ပင်းမှကြိုးတွေကို ဆွဲထိန်းလိုက်သည်။ ထို့နောက် ဒေါသကြီးနေသောအကြည့်နှင့် ရှားကိုစိုက်ကြည့်လေ၏။

*သူ့ခွေးတွေထင်တယ်. . . . *

ရှားလည်း နည်းနည်းတော့အားနာသွားသည်ထင်ရ။ သို့သော်ထိုကြောက်စရာကောင်းသည့်လူကြီးကိုဘယ်လို တောင်းပန်ရမယ်မသိ။

"တားမြစ်သည်ကိုကျူ းလွန်သည့်အပြစ်သားအတွက် ကြီးမြတ်တဲ့အပြစ်ဒဏ်ကို ဘုရားရှင်ကပေးအပ်လိမ့်မယ်. . . "

အဘိုးကြီးတစ်ယောက်လေသံပီပီ အက်ကွဲသံတစ်ချို့နှင့် သူ့ကိုလက်ညှိုးငေါက်ငေါက်ထိုးပြောကာ ခွေးတွေကိုဆွဲခေါ်သွားလေတော့သည်။

သူဘာပြောသွားတာလဲတောင် ရှားနားလည်ပုံမထင်ရပေ။

"လေပြေ. . . . လေပြေ. . . အထဲမှာလား. . . မင်းရှိနေရင်အသံပေးပါ. . . လေပြေ. . . "

မည်သည့်အရာမျှတွေးခေါ်မနေပဲ ကျောင်းကြီးထဲကို ရှားရောက်ခဲ့လေပြီ။ ညစ်ပတ်ပြီးဖုံထူလှတဲ့နေရာကြီးထဲမှာ လေပြေကိုသူလိုက်ရှာနေမိသည်။

လှေကားထစ်တွေတစ်ဆင့်ပြီး တစ်ဆင့် သူတက်လို့သွားနေရင်း နံရံတစ်လျှောက်မှ ဖုံထူနေသောဓါတ်ပုံဟောင်းတွေကို တွေ့ရမည်အမှန်ပါ။ သို့သော် ရှားမကြည့်အားပဲ လေပြေကိုသာ အားစိုက်ရှာခဲ့၏။

Piano Ghost (Complete)Tempat cerita menjadi hidup. Temukan sekarang