(Uni) "အပြစ်ရှိပါသည်. . . . .$ $% # % "
ရုတ်တရက် ဝတ်ပြုဟောခန်းကြီးထဲမှ လူတစ်ယောက်ရဲ့အသံကိုကြားတာကြောင့် စစ်သွေး တိတ်တိတ်ကလေး သွား၍ ချောင်းကြည့်မိပါသည်။
Mr.masတစ်ယောက် ရေရှုသခင်ရဲ့အရှေ့မှာ ဒူးထောက်ကာ လက်အုပ်ချီပြီး တစ်ခုခုကိုတောင်းပန်နေသည့်ပုံပေါ်သည်။ ဘေးမှာလည်း sisalကြီးတစ်ယောက်နှင့်အတူ Mr.masရဲ့အဖွဲ့သားတွေလည်းရှိ၏။
*သူတို့ဘာလုပ်နေကြတာလဲ???*
စစ်သွေးလည်းသံသယဖြစ်မိတာမို့ နည်းနည်းနားစိုက်ပြီး ထောင်ကြည့်လေရာ. . . . .
"ကျူ းလွန်ခဲ့သော အပြစ်များကို ရေရှုသခင်ထံ ပြန်လည်တောင်းပန်အပ်ပါတယ်. . .မိမိကျူ းလွန်ခဲ့သည့်အပြစ်ကို ဝန်ခံပါ၏ . . ခွင့်လွှတ်သနားပေးတော်မူပါ. . . ."
ထိုအခါမှ စစ်သွေးနားလည်သွားပြီး ပါးစပ်ဟောင်းလောင်းဖြစ်မိပါသည်။
*တတ်နိုင်လိုက်ကြတာ. . ?. . *
စစ်သွေးခမျာ မဆံ့ရင်ကယ်ခံစားခဲ့ရတဲ့ ဇိန်းရဲ့မျက်နှာကိုမျက်ဝန်းထဲမြင်ယောင်လာပြီး ဒေါသတို့ပေါက်ဖွားလာရသည်။ တကယ်ကို ရင်ထဲတလှိုက်လှိုက်နှင့်ပူလောင်လာပြီး ဇိန်းအစား Mr.masကိုမုန်းလာမိပါသည်။
. . . . . . . . . . . .ဟေး ဟေး . . . . . . .ဘယ်သူလဲ . . . . . . .
သူအရမ်းစိတ်မထိန်းနိုင်တော့ပဲ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း Mr.masဆီသို့ အတင်းပြေးလာရာ မျက်စိလျှင်တဲ့သူ့တပည့်တွေက သူ့ကိုဝိုင်းတားကြတော့၏။ အသံကြောင့် Mr.masလည်းသူ့ဆီသို့ လှည့်ကြည့်မိလိုက်သည်. . . . . .
ဒေါသတွေ တဟုန်တိုးပေါက်ဖွားနေတဲ့ကောင်လေးတစ်ယောက်ပါလား. . . . . . . . .
"အဲ့ဒီလိုလုပ်လို့ အားလုံးပြီးသွားမယ်ထင်နေလား. . . ခင်ဗျားစိတ်ထဲမှာ တကယ်မပါဘူး. . . ဝတ္တရားအရတောင်းပန်နေတာပဲ. . ဇိန်းကခွင့်လွှတ်မယ်ထင်လား . . . ဟင်. . . "
အမှန်တရားကိုသိနေပြီဖြစ်တဲ့စစ်သွေးမျက်ဝန်းတွေကို Mr.masစိုက်ကြည့်ပြီး ခပ်ပြုံးပြုံးနှင့် သူ့အနားကိုကပ်လာခဲ့ပါသည်။ သူ့ကိုတော့ အဖွဲ့သားတွေက ထိန်းထားလျှက်. . . .
![](https://img.wattpad.com/cover/172154154-288-k436850.jpg)
KAMU SEDANG MEMBACA
Piano Ghost (Complete)
Hororသူငယ်ချင်းတစ်ယောက်ကိုဆုံးရှုံးလိုက်ရပြီးသည့်နောက် သူ့ကိုယ်သူအပြစ်ရှိသူတစ်ယောက်လို့သတ်မှတ်ထားသောသူတစ်ယောက် . . . . ဘာပဲဖြစ်ဖြစ်လူတိုင်းကတော့အသက်ရှင်နေထိုင်ချင်ကြတာပါပဲလေ. . အဲ့ဒီတော့ အသက်ရှင်ဖို့ကြိုးစားခဲ့တဲ့ငါကမှားလား. . . . . အရှုပ်ထွေးကြားထဲမှ ဖြစ...