Part 6

2.5K 293 0
                                    

(Uni) ည ၆နာရီရောက်သည်အထိပင် စစ်သွေးကတော့ စာကြည့်တိုက်မှာ အချိန်ဖြုန်းနေတုန်း။

စာအုပ်တွေတော်တော်များများလည်း သူရှာဖွေဖတ်နေသည်။ အဓိကအားဖြင့် ကျောင်းကြီးနဲ့ပတ်သက်တဲ့စာအုပ်တွေကို ရှာဖွေနေဆဲ. . . . . .

*၁၉၉၈လောက်က စတင်တည်ထောင်ခဲ့တဲ့ကျောင်းကြီးပဲ. . နဂိုအစက မိဘမဲ့ကျောင်းကြီးဖြစ်ခဲ့ပြီး  2009မှာအနုပညာကျောင်းဖွင့်လှစ်ဖို့ Mr.Masဆိုတဲ့ခရစ်ယာန်လူမျိုးကြီးကထောက်ပံ့ခဲ့တာ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသားဦးရေလည်းများလာခဲ့တယ်. . . အဲ့ဒီတုန်းကအခုငါတို့နေနေတဲ့အဆောင်တွေမရှိသေးဘူး အဲ့ဒီတိုက်ပျက်ကြီးမှာ ဖွင့်လှစ်သင်ကြားခဲ့တာလို့သိရတယ်. . .ဒါနဲ့များ ဒါနဲ့များဘယ်လိုဖြစ်လို့ မဝင်ရဆိုပြီးတားမြစ်ခဲ့တဲ့အထိဖြစ်ရတာလဲ. . . .ကြားထဲမှာ ဘာပြသနာတွေရှိခဲ့လို့လဲ. . .*

စာအုပ်ပေါင်း နှစ်ဆယ်ကိုဖတ်ပြီးမှ သိလိုက်ရတဲ့အသိတွေကို စစ်သွေးဆက်စပ်တွေးနေမိတုန်း. . . . . .

''ဟိုကောင်လေး စာကြည့်တိုက်ပိတ်တော့မယ်. . . . .''

စာကြည့်တိုက်ကအစောင့်လာပြောမှ စစ်သွေးသတိပြန်ဝင်လာသည်။

''ဗျာ. . .ဟုတ် ဟုတ်ကဲ့. . . . . .''

ပိတ်ချိန်ရောက်နေပြီမို့ စာအုပ်တွေကို ကမန်းကတန်းစင်ပေါ်ပြန်တင်ရင်း ထွက်လာခဲ့သည်။ သူထပ်သွားတဲ့စာအုပ်တစ်အုပ်ကြားထဲမှ ဓာတ်ပုံတစ်ပုံထွက်ကျလာသည်ကို သူ မမြင်မိခဲ့ပေ။

''ဒီကောင်လေးနဲ့ ဘာတွေများ အားကြိုးမာန်တက်ဖတ်နေခဲ့တာတုန်း. . . .''

သူထပ်သွားသည်မှာအစီအငေါ်မတည့်၍ ပြန်ပြင်ပေးရန် အစောင့်ကြီး ဝင်လာလိုက်သည်။ အစောင့်ကြီးနာမည်မှာ ဦးစိန်စိန်ဖြစ်ပြီး အရပ်ရှည်ရှည် ခါးကုံးကုံးအမျိုးသားကြီးပင်ဖြစ်သည်။
အသက် 70လောက်ရှိပြီဖြစ်ပြီး တုံချိတုံနဲ့ပင်။ စစ်သွေးထပ်သွားသော စာအုပ်တွေကိုပြန်စီနေရင်း ထိုကလေးကိုလည်းကျိန်ဆဲနေမိသေးသည်။

''ဘာတွေများ အသည်းအသဲဖတ်နေလဲမသိဘူး သူ့ကြောင့်သာမဟုတ်ရင် ငါစောစောအလုပ်ဆင်းရပြီကို . . .''

Piano Ghost (Complete)Where stories live. Discover now