Part 40

1.9K 219 15
                                    

(Uni) မနက်ဝေလီဝေလင်းအချိန်လေးမှာ. . . ပတ်ဝန်းကျင်တစ်ခုလုံးဟာ ခြေသံများစွာနဲ့ ဆူညံစပြုလာလေ၏။ သို့သော်သည်နေ့ကား အရင်ကထက်ပို၍ ဆူညံနေသလိုပင်။

. . .Arrrrrrr . . . . . . . . . . ကျွတ်ကျွတ်. . . . . . . . . . .  . . .

နှုတ်ဖျားမှ တုန်တုန်ရီရီနဲ့ အသံတိုးတိုးလေးတစ်ချို့ရယ် မူန်ဝါးဝါးအမြင်တို့နှင့်အတူ နိုးထလာသူမှာ ရှားပင်။ ထိုဆူညံသံတွေက သူ့ကိုသတိပြန်လည်စေခဲ့တာလည်းတစ်ကြောင်းပေါ့။

ဒဏ်ရာဒဏ်ချက်တစ်ချို့နှင့်အတူ ရှားအတင်းကြိုးစားထလိုက်ပြီး ဘေးကရီဝေဝေမြင်နေရသော အရိပ်နှစ်ခုကို လက်နဲ့အသာထိကြည့်လိုက်၏။

ပတ်ဝန်းကျင်တစ်ခုလုံးကိုလည်း သူကောင်းမွန်စွာမမြင်ရ။ အကုန်လုံးဝေဝါးသာနေတော့သည်။ သူ့မှာမျက်မှန်မှမပါတော့ပဲ။
ဘေးကလူနှစ်ယောက်လဲနေသည်ဆိုတာတော့ သူခန့်မှန်းမိသေးပါရဲ့။ စမ်းမိစမ်းရာ စမ်းလိုက်ရင်း လက်ထဲမှ အေးတေးတေးစေးကပ်ကပ်အရေတွေကိုသွားထိမိလိုက်ရာ. . .

"ဟင် ????? "

သူ့လက်ကိုအနီးကပ်တိုးကြည့်လိုက်မှ သွေးတွေမှန်းသူသိရ၏။

*ငါ ဘယ်ရောက်နေတာလဲ ငါ ငါ ဘယ်လို. . . *

ရှားတွေးနေရင်းမှ တိတ်ဆိတ်ပြီးအမှောင်သန်းနေတဲ့အခန်းကြီးရယ် . . . ဘေးကလူနှစ်ယောက်နဲ့အတူ သူအခန်းတစ်ခုမှာပိတ်ဆို့ခံထားရမှန်းသိသွားတော့သည်။

. . . . . . , . . . .ရှား. . . . . . . . . ညီလေး. . . . . . . . . . .

ထိုစဉ် တိုးတိတ်သောအသံတစ်ခုနှင့်အတူ သူ့ဘေးကလူတစ်ယေက်သတိရလာလေသည်။ ထိုအသံကိုသူရင်းနှီးနေ၍. . . . . . .

"အကို ??. . . အကိုစစ်သွေး အကိုစစ်သွေးမလား. . . .  "

သူ့ဘေးကစစ်သွေးကို သူချက်ချင်းပွေ့ထူလိုက်ရင်း . . .

"အကို အကိုကျွန်တော်တို့ဘယ်ရောက်နေတာလဲဟင်. . အကို့ခေါင်းမှာသွေးတွေမလား. . . ဘယ်လို ဘယ်လိုဖြစ်ရတာလဲ. . "

"ဇိန်း ???. . . သူ့ကိုငါတို့ကယ်ဖို့လုပ်ခဲ့ပေမယ့် သူကတော့ငါတို့ကိုပစ်သွားခဲ့တယ်. . . . အား. . . ကျစ်ကျစ်. . . . "

Piano Ghost (Complete)Место, где живут истории. Откройте их для себя