Part 32

1.8K 228 20
                                    

(Uni) သူတားမြစ်သည်က ရှားအတွက် စိတ်တိုသွားစေတာမို့ တစ္ဆေတစ်ကောင်လို ကြောက်စရာကောင်းလောက်အောင် အော်ဟစ်ကာ စစ်သွေးမှာကန်ထုတ်လိုက်၏။

. . . . . . . . . . . . . . .အား. . . . . . . . . . . . . . , . . . . . .

စစ်သွေးခမျာ အရှိန်ကြောင့် အဝေးသို့ လွွှင့်ထွက်သွားခဲ့ရသည်။

ွှရှားကတော့ အစောင့်မှုးအား ထပ်ပြီး ထပ်ပြီး တင်းကြပ်စွာ လည်ပင်းကိုညှစ်ထားရာ အစောင့်မှုးမှာ ရုန်းထွက်မရဖြစ်နေတာမို့ သူ့ရဲ့လက်နဲ့ ရှားရဲ့ပုခုံးကို ဖျစ်ညှစ်လိုက်၏။

သူ့ပုခုံးကိုထိကိုင်သည်ကို သူကြိုက်နှစ်သက်သည့်ပုံမပေါ်တာကြောင့် အစောင့်မှုးအား ကြမ်းပြင်ပေါ်လှိမ့်ချလိုက်ကာ သူကအပေါ်ကနေအုပ်မိုးပြီး မလွှတ်တမ်းလည်ပင်းကိုညှစ်ထားလေရာ အစောင့်မှုးမှာ အောက်ကနေ ကော့လိန်နေတော့၏။ မျက်လုံးထောင့်မှာလည်း မျက်ရည်တွေစိမ့်ထွက်လာသည်အထိဖြစ်လာရသည်။

. . . . . . . .  . . . အစ် . . . . . အစ်. . . . . . . . . . . . . .

အစောင့်မှုးတစ်ယောက် သေမလို အသက်ရှုရပ်မတတ်ခံစားနေရသည်ကို ကြည့်ကာ ရှားကျေနပ်နေမိသည့်ဟန်ပင်။

. . . . .မင်း. . . . . .အစ်. . . . . . . . .ဘယ် ဘယ်သူလဲ. . . . . .

သေခါနီးလူက အရစ်ရှည်နေသေးတယ်ဆိုတဲ့အကြည့်နှင့် ရှားတစ်ယောက် အစောင့်မှုးကို သူနဲ့အကြည့်ချင်းဆုံစေလိုက်၏။

"မင်း. . . . . ဇိန်း. . . ဇိန်း. . . . . . "

သူ့မျက်နှာဟာချက်ချင်း ဇိန်းရဲ့အသွင်ပြောင်းသွားတာကြောင့် အစောင့်မှုးလည်းကြောက်လန့်သွားရသည်။

သူ့နာမည်ကို ဖွင့်ဟပြောလိုက်လျှင်ပဲ ရေချိုးခန်းထဲမှ လျှပ်စစ်မီးချောင်းတွေဟာ တဖောင်းဖောင်းနဲ့ပေါက်ထွက်ကုန်တော့သည်။

. . . . . . . .Ha. . hahahahahahaha. . . . . . . . . . .

သူ့နာမည်ကြားအပြီးမှာ အစောင့်မှုးလည်း အသက်ရှုကြပ် လေကြောင်းပိတ်ပြီး သူ့လက်ထဲမှာပဲ သေကြေသွားသည်ကို မြင်လိုက်ရတော့ သူကျေနပ်စွာ အော်ဟစ်ရယ်မောလေတော့သည်။

သူ့ရဲ့ရယ်သံတွေကြောင့် ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်တွေမှာ အမြစ်တွေပြုတ်ထွက်မတတ် ရမ်းခါပြီး ပြင်းထန်စွာတိုက်ခတ်လာတော့၏။

Piano Ghost (Complete)Where stories live. Discover now