Part 22

1.9K 233 4
                                    

(Uni) ခေါင်းမှ နာကြင်မူးဝေခြင်းနှင့်အတူ ရှားရဲ့အမြင်လွှာတွေပွင့်ဟလာခဲ့သည်။ သူ့အမြင်တွေထဲမှာ ဘေးပတ်ဝန်းကျင်ကို မူန်ဝါးဝါးနှင့်မြင်နေရ၏။ မှောင်မိုက်နေပြီဆိုတာလည်းသိရတော့ ညရောက်နေမှန်း ရှားခန့်မှန်းမိသည်။

မူးဝေနေသောခေါင်းကို လက်နဲ့ဖိလိုက်ရင်း သူထလာလိုက်၏။

*မူးလိုက်တာ. . . . . . . Hm. . ညတောင်ရောက်သွားပြီ လေပြေကိုရှာဖို့အချိန်တွေနှောင့်နှေးသွားတာပဲ. . . . . *

"လေပြေ. . အား. . ကျွတ်ကျွတ်. . . လေပြေ. . . မင်းရှိနေရင်အသံပေးပါကွာ. . . ငါမင်းကိုလာရှာတာပါ. . . "

အားစိုက်ရင်း သူ လေပြေကို ဆက်ရှာဖို့ ကြိုးစားလေသည်။
အခန်းထဲမှာ သူ့အသံနှင့်အတူ တစ်ချက်ချင်းရွေ့လျားနေသော နာရီအစုတ်တစ်လုံး၏ အသံဟာလည်း လွှမ်းမိုးလျက်ရှိသည်။
ဘယ်အချိန်ထိရှိနေပြီလဲဆိုတာ သူ မသိပေ။

ထိုစဉ် ဖုန်တစ်ချို့ဟာ လေထဲမှာ လွင့်မြောလာတော့သည်။ သူ့စိတ်ထဲမှာလည်း အေးမြလာ၍ လေတစ်ချို့တိုက်ခတ်လာသည်ကို ရှားရိပ်မိလေသည်။

". . . ရှား. . . . "

ထိုစဉ် နွဲ့နောင်းလှသောမိန်းကလေးတစ်ယောက်၏အသံကိုကြားလိုက်ရ၍ နောက်သို့ သူချက်ချင်းလှမ်းကြည့်လိုက်မိသည်။ သူ့ရဲ့နောက် မလှမ်းမဝေးမှာ ဆံပင်တို့ဖားလားချထားသော လေပြေကို သူတွေ့ရသည်။

"လေပြေ. . . . လေပြေ မင်းအဆင်ပြေပါတယ်နော်. . . ဘယ်နားတွေထိခိုက်သွားသေးလဲ. . . "

သူမကိုတွေ့လိုက်ရတော့ ရှား ဝမ်းသာသွားပြီး သူမအနားကိုပြေးလာလိုက်သည်။

. . . . . .ဝုန်း. . . . . Arrrrrrrr. .  . . . . . . . . . 

သူမအနားကိုသွားတဲ့အခါ သံလိုက်တွန်းကန်မှုကိုခံလိုက်ရသလို အဝေးသို့ ရှားလွင့်ထွက်သွားလေသည်။

"အဟွတ်. . . .အဟွတ်. . . . အား. . . . . . . ကျစ်. . .   . "

ထိုအခန်းကြီးမှာရှိတဲ့ ပစ္စည်းပစ္စယတို့နှင့် ဝင်ဆောင့်မိပြီး ရှားလက်မောင်းမှာ ဒဏ်ရာရသွားရသည်။

"လေပြေ. . . လေပြေ. . . . . "

သူမရဲ့အကြည့်တွေက အေးစက်လှလွန်း၍ လေပြေမှဟုတ်သေးရဲ့လားလို့ ရှား အထိတ်တလန့်နှင့်ကြည့်မိ၏။

Piano Ghost (Complete)Where stories live. Discover now