(Uni) "Roll call ကောက်တဲ့အချိန်မှာလည်း မတွေ့ခဲ့ဘူး. . . အဲ့ဒီကလေးကို. . . "
"သံသယ ဝင်စရာတွေတော့ ဖြစ်ကူန်ပြီ. . . "
ဝတ်ပြုချိန်မှာ မတွေ့ခဲ့တဲ့ရှားကို သံသယတို့နှင့် ဖာသာစဉ်းစားနေမိခဲ့သည်။
"ပြီးတော့ ကျောင်းအကြောင်းကိုစုံစမ်းနေတဲ့သူတစ်ယောက်ရှိသေးတယ်လို့မထင်မိဘူးလား. . . "
နဘေးမှာ အတိုင်ပင်ခံအဖြစ် ဦးစိန်စိန်နှင့် ကျောင်းသားအစောင့်မှုးတို့က အကြံဉာဏ်ပေးနေကြလေသည်။
"ငါသတိထားမိပါတယ် အဲ့ဒီတစ်ယောက်ကို "
"ဖာသာမသိလို့. . roll callချိန်မရှိတဲ့အဲ့ဒီကလေးလေ ညနေက ဟိုတောထဲကထွက်လာတာကို ကျုပ်မြင်လိုက်တယ်. . "
ဦးစိန်စိန်ရဲ့စကားကြောင့် ဖာသာနည်းနည်းသံသယဖြစ်မိသွားလေသည်။ မျက်ခုံးတို့တစ်ဆက်တည်းဖြစ်တဲ့အထိကျုံ့လိုက်ပြီး လက်နှစ်ဖက်ကိုပိုက်လိုက်၏။
"အင်း. . . အဲ့ဒီကလေးလည်း တစ်ခုခုဖြစ်နေတဲ့ပုံနဲ့. . . အရင်တစ်နေ့က သူနဲ့ခဏတွေ့လိုက်ရတာ ငါ့စိတ်ထဲမှာ ရင်းနှီးနေတဲ့ပုံစံဖြစ်နေခဲ့တယ် ဘာကြောင့်ရယ်မသိဘူး. . . "
ဖာသာနှင့်အတူ သူတို့နှစ်ယောက်လည်း စိုးရိမ်တကြီးနဲ့ တွေးတောနေကြရာမှ အစောင့်မှုးကစကားထပ်စလာ၏။
"စုံစမ်းနေတဲ့တစ်ယောက်ကို ကျုပ်ရှင်းလိုက်ရမလား. . . "
တကယ်လုပ်မယ့်ပုံစံနှင့်မို့ ဖာသာတားလိုက်ရသည်။
"ဇွတ်မလုပ်နဲ့. . . အရင်ကကောင်မလေးလိုအဖြစ်မခံနိုင်ဘူး "
ဖာသာပြောမှ သူတို့တွေလည်း 2000လောက်ကအဖြစ်ပျက်တစ်ခုကို သတိရမိကြသည်။
#ကျောင်းအိုကြီးရဲ့အကြောင်းကို ပထမဆုံးစိတ်ဝင်တစားနဲ့ စုံစမ်းခဲ့သူ သံစဉ်တီးလုံးအဖွဲ့မှ ပလွှာဆိုသူမိန်းကလေး. . .
"ကျွန်မ အားလုံးဖုံးကွယ်ထားတဲ့အမှန်တရားကိုဖော်ထုတ်ပြမယ်"
. . . . . . . . . . . . ဘာဆက်လုပ်ရမလဲ. . . . . . . . .
. . . . . ကျောင်းကိုထိခိုက်လာရက် နှုတ်ပိတ်ရမှာထုံးစံပဲ. . . . . . .

VOCÊ ESTÁ LENDO
Piano Ghost (Complete)
Terrorသူငယ်ချင်းတစ်ယောက်ကိုဆုံးရှုံးလိုက်ရပြီးသည့်နောက် သူ့ကိုယ်သူအပြစ်ရှိသူတစ်ယောက်လို့သတ်မှတ်ထားသောသူတစ်ယောက် . . . . ဘာပဲဖြစ်ဖြစ်လူတိုင်းကတော့အသက်ရှင်နေထိုင်ချင်ကြတာပါပဲလေ. . အဲ့ဒီတော့ အသက်ရှင်ဖို့ကြိုးစားခဲ့တဲ့ငါကမှားလား. . . . . အရှုပ်ထွေးကြားထဲမှ ဖြစ...