Part 31

1.8K 216 2
                                    

(Uni) ချက်ချင်းလက်ငင်း တစ်ခန်းလုံးမှာထွန်းထားသောမီးတွေက တလပ်လပ်နဲ့ဖြစ်လာပြီး ဇွဲရဲ့ပုံပန်းသဏ္ဌာန်မဟုတ်တော့ပဲအခြားတစ်ယောက်ပုံစံပြောင်းသွားလေသည်။ ထိုသူကို ရှားရင်းနှီးနေသည်။

"ဇိန်း ?. . . . ခင်ဗျားသူ့ကိုဘာလုပ်တာလဲ. . . သူ့ကိုလွှတ်ပေး"

. . . . . .ha. . ha. . . ha. . ha. . . ha. . . . . .

ရှားရဲ့အထိတ်တလန့်နှင့်ပြာယာခတ်နေသောလေသံလေးက ဇိန်းဆိုတဲ့ကောင်အတွက်တော့ ရယ်စရာပင်။ သွားတွေပေါ်သည်အထိရယ်လိုက်ရင်း မျက်လုံးတွေဟာတဖြည်းဖြည်းနှင့်နီရဲလာခဲ့သည်။

. . . . . ဟင့်အင်း. . . ငါသူ့ကိုသတ်ပစ်မယ်. . . . .

"သူ ခင်ဗျားကိုဘာလုပ်နေလို့လဲ. . . သူ့မှာအပြစ်မရှိဘူး. . . ခင်ဗျားအပြစ်မရှိတဲ့လူတွေကို သတ်ပစ်ရတာပျော်လား. . . ဟင်. . ? "

သူ့ကိုရွံမုန်းကာ အော်ဂလီဆန်လောက်တဲ့အကြည့်နှင့်ကြည့်လာသော ရှားကို သူဒေါသထွက်သွားလေသည်။

. . . . .ဖြတ်. . . . . . . . . . . အား. . . . . , . . . . . . .

စိတ်ရှိရှိနှင့် လေထဲကို လက်ဖြင့်တစ်ချက်ဝှေ့ယှမ်းလိုက်ရာ ရှားမှာ အရုပ်လေးတစ်ရုပ်လို သူစေရာအတိုင်းအချုပ်ကိုင်ခံလိုက်ရပြီး အဝေးသို့ဆောင့်လဲကျသွားလေ၏။

"အား. . . . အဟွတ်. . အဟွတ်. . . . . "

ွှရင်ဘတ်နှင့် စားပွဲခုံ တည့်တည့်ဆောင့်မိ၍ မျက်ရည်ကျလောက်အောင်သူနာကြင်ရလေသည်။

. . . . .သူ့ကိုယ်ထဲကသွေးတွေ ပုလင်းထဲလျှံကျသွားတဲ့အခါ သူအားနည်းလာပြီး မကြာခင်သေသွားလိမ့်မယ်. . ha ha ha ha
ကောက်ကျစ်လှသည့်လေသံနှင့် ဟားတိုက်ရယ်နေတာကြောင့် ရှားမခံချင်တဲ့စိတ်နဲ့ အတင်းကုန်းထသည်။

"ရပ်လိုက်. . . ရပ်လိုက်လို့. . . "

. . . . .မင်းကငါ့ကိုမုန်းတယ်လား ဟုတ်လား. . . ?. . မင်းထင်သလိုငါကကောက်ကျစ်တဲ့မိစ္ဆာကောင်ဆိုတာ ငါသက်သေပြမယ်. . . မင်းသူငယ်ချင်းသေတာကိုထိုင်ကြည့်နေလိုက်. . . . . .

ဇွဲကိုယ်ထဲကသွေးတွေဟာ လက်ကစလိုင်းပိုက်မှတစ်ဆင့် ပုလင်းထဲက မြန်မြန်စီးဆင်းလာတော့သည်။ ရှားအစိုးရိမ်ကြီးလာရကာ သူ့ခြေထောက်ကိုအတင်းပြေးဖက်လိုက်လေသည်။

Piano Ghost (Complete)Tahanan ng mga kuwento. Tumuklas ngayon