(Uni) "ဘယ်သူက ဘာလို့နာကြင်တယ် ပြောရတာလဲ. . . အဲ့ဒီထဲမှာ ဘာဖြစ်ခဲ့ကြတာလဲ. . . "
လွယ်အိတ်လေးပိုက်ကာ သူသိချင်တာသိခဲ့ရပြီဖြစ်တဲ့အတွက် အခန်းကနေ အတွေးတခေါ်ခေါ်နဲ့ ထွက်လာခဲ့သည်။
.............🎶🎶🎶🎶🎶🎶🎶〰〰〰〰〰〰
ညနေစောင်းပြီဖြစ်၍ လူပျက်နေသောထိုအခန်းတွေထဲမှ ရှေ့ဆုံးဘေးကပ်လျက်အခန်းမှာ သာယာစွာပုလွေမှုတ်သံကို သူကြားလိုက်ရ၏။
"ချိုသာလိုက်တာ. . . "
ရှားကလည်း စပ်စုတဲ့နေရာမှာနှစ်ယောက်မရှိတာအသိသာမို့ ထိုပုလွေပိုင်ရှင်ကို သူသိချင်မိကာ ထိုအခန်းဆီသို့လျှောင်လာမိသည်။
သူ့ခြေလှမ်းတို့အခန်းနှင့်ပိုနီးလာလေလေ ထိုပုလွေသံကပိုပြီးကျယ်လာလေလေပင်။
ထိုအခန်းရှေ့လည်းရောက်တဲ့အခါမှာ ပွင့်နေသောတံခါးဝကနေ သူလှမ်းကြည့်လိုက်လေသည်။ကျော်လည်လောက်ထိရှည်လျားသောသူမရဲ့ဆံနွယ်တို့ဟာ လေထဲသို့ပျံဝဲနေလျက် အနက်ရောင်ဂါဝန်ကိုဝတ်ဆင်ထားတာမို့ ရှားချက်ချင်းတန်းရိပ်မိသွားသည်။
*မနေ့ကငါတို့အတန်းထဲဝင်ထိုင်တဲ့မိန်းကလေးပဲ *
သူအတန်ကြာငေးကြည့်နေစဉ်မှာ သူမကကျောပေးရပ်ထားသည်ကနေ တစ်ဖက်သို့လှည့်လာခဲ့သည်။
ရှားကလည်းသူ့ကိုငေးကြည့်နေခဲ့တာဆိုတော့ အဲ့ဒီမှာတင်နှစ်ယောက်သားအကြည့်ချင်းဆုံသွားကြသည်။သူမရဲ့မျက်နှာတစ်ခုလုံးကို ရှားသေချာကြည့်လိုက်တဲ့အခါ တစ်နေရာရာမှာအရမ်းရင်းနှီးနေသလိုခံစားလိုက်ရ၏။
*သူမကို ဘယ်နေရာမှာမြင်ဖူးပါလိမ့်. . . . *
ထိုစဉ် သူမရဲ့အေးဆေးတည်ငြိမ်သောမျက်နှာမှ ချိုသာသောအပြုံးတစ်ခုကိုဖန်ဆင်းလိုက်လေ၏။
"မင်းက. . . . ပလွှာ . . . ပလွှာဟူတ်တယ်မလား. . . "
သူမကိုသိနေခဲ့သူဆိုတော့ ထိုမိန်းကလေးလည်း ဘာမပြောပဲခေါင်းငြိမ့်ပြခဲ့သည်။ထိုအခါမှ ရှား အခန်းထဲကိုဝင်ရဲသွားလေသည်။
"ပုလွေမှုတ်တာ အရမ်းကောင်းတယ်. . . တော်လိုက်တာ. . . "
သူမကိုချီးကျူ းတော့ သူမနေရခက်သွားတာပေါ့။

YOU ARE READING
Piano Ghost (Complete)
Horrorသူငယ်ချင်းတစ်ယောက်ကိုဆုံးရှုံးလိုက်ရပြီးသည့်နောက် သူ့ကိုယ်သူအပြစ်ရှိသူတစ်ယောက်လို့သတ်မှတ်ထားသောသူတစ်ယောက် . . . . ဘာပဲဖြစ်ဖြစ်လူတိုင်းကတော့အသက်ရှင်နေထိုင်ချင်ကြတာပါပဲလေ. . အဲ့ဒီတော့ အသက်ရှင်ဖို့ကြိုးစားခဲ့တဲ့ငါကမှားလား. . . . . အရှုပ်ထွေးကြားထဲမှ ဖြစ...