(Uni) မနက်လင်းတဲ့အခါမှ ခေါင်းကနာကြင်မူတစ်ချို့နှင့်အတူ ရှားရဲ့အမြင်လွှာတို့ပွင့်ဟလာခဲ့သည်။
. . . . . . .Ar. . . . .ကျွတ်ကျွတ်. . . . . , . . . .
*ငါ ဘာဖြစ်သွားတာလဲ. . . *
ခေါင်းကို လက်နဲ့ဖိလိုက်ရင်း အိပ်ယာပေါ်ကနေသူထလာလိုက်သည်။
''ဟင် မနေ့ကငါကြမ်းပြင်ပေါ်မှာလဲကျသွားတာမလား. . . . ''
သူပြန်စဉ်းစားတော့ သူကြမ်းပြင်ပေါ်မှာလဲကျသွားခဲ့တာကိုသူမှတ်မိသည်။ သို့သော်သူဘယ်လိုလုပ်ပြီးကုတင်ပေါ်ပြန်ရောက်နေတယ်သူ မသိ။
''အကိုပြန်တင်ပေးထားတာ. . . ''
အဝတ်အစားလဲနေရင်းကနေ သံသယစိတ်ဖြစ်နေသောရှားအတွက် စစ်သွေးပြန်ရှင်းပြလိုက်လေသည်။ ဤသည်ကိုရှားသေချာနားမလည်။
''ခင်ဗျာ. . . ''
''မင်းအိပ်ရေးကြမ်းတယ်ထင်တယ် အကိုတစ်ရေးနိုးတော့ မင်းကုတင်ပေါ်ကပြုတ်ကျနေတာလေ. . . အဲ့ဒါကြောင့် အကိုပြန်တင်ပေးထားတာ. . . ''
သူ့ရဲ့ပိုးလိုးပက်လက်ပုံစံကို စစ်သွေးမြင်သွားမည်မှာအမှန်ပင်။ ထိုသို့ဖြစ်ပျက်နေသောသူ့ကို စစ်သွေးက ကုတင်ပေါ်ပြန်တင်ပေးခဲ့သည်ဆိုတော့. . . .
*ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ရမှာလား. . . . . . *
အို . . . တော်ပါ. . . . စစ်သွေးကို သူလုံးဝစကားမပြောဘူး. . အပေါင်းအသင်းမလုပ်ဘူးလို့ ဆုံးဖြတ်ထားခဲ့သည်မဟုတ်လား။
ဘာလို့ကျေးဇူးတင်ပါတယ်ပြောရမှာလဲပေါ့။
သူက ပြန်ခင်အောင်ဘယ်လိုကြိုးစားကြိုးစား လုံးဝစိတ်မပါဘူးဟု ရှား ခိုင်မာစွာဆုံးဖြတ်ပြီး ဘာမပြောပဲ ငြိမ်နေခဲ့လေသည်။စစ်သွေးခမျာ သူ့ဘက်ကဘာများဆက်ပြောလိမ့်မလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ အကျီၤလဲနေရင်းကနေ ရှားဆီသို့တစ်ချက်လှည့်ကြည့်လိုက်မိ၏။
သို့သော် ထိုလဒလေးက သူ့ကိုစောက်ဖက်မလုပ်ပဲ တစ်ဖက်သို့လှည့်ပြီး ထလိုက်လေသည်။
🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈
. . . . ဟေ့ကောင်တွေ. . . ဟေ့ကောင်တွေ. . . မင်းတို့သိပြီးကြပြီလား. . . ကျောင်းသူလေးယောက်ဒီနေ့ကျောင်းကနေအထုတ်ခံရတယ်တဲ့. . . . .
![](https://img.wattpad.com/cover/172154154-288-k436850.jpg)
YOU ARE READING
Piano Ghost (Complete)
Horrorသူငယ်ချင်းတစ်ယောက်ကိုဆုံးရှုံးလိုက်ရပြီးသည့်နောက် သူ့ကိုယ်သူအပြစ်ရှိသူတစ်ယောက်လို့သတ်မှတ်ထားသောသူတစ်ယောက် . . . . ဘာပဲဖြစ်ဖြစ်လူတိုင်းကတော့အသက်ရှင်နေထိုင်ချင်ကြတာပါပဲလေ. . အဲ့ဒီတော့ အသက်ရှင်ဖို့ကြိုးစားခဲ့တဲ့ငါကမှားလား. . . . . အရှုပ်ထွေးကြားထဲမှ ဖြစ...