(Uni) စိုင်မန်စကားကြောင့် စစ်သွေးပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
*ငါကပဲ သူများတွေနဲ့မတူပဲ သရဲကိုအယုံကြည်မရှိခဲ့တာလား သရဲကိုမယုံတာ ငါတစ်ယောက်ပဲရှိခဲ့တာလား . . . *
သရဲမယုံတဲ့သူက သူတစ်ယောက်ပဲရှိနေသလိုဖြစ်တာကြောင့် စစ်သွေးအားငယ်ချင်သွားရသည်။ တကယ်မြင်ခဲ့တာတောင် သူကသိပ်ယုံချင်သေးတာမဟုတ်ဘူး 🙄🙄🙄
"ဘာဖြစ်လို့လဲ ကျောင်းသားရ "
စစ်သွေးက ဖုန်းစပြောကတည်းက သရဲအကြောင်းပဲပြောနေတော့ စိုင်မန်လည်းသံသယဖြစ်ပြီးမေးလာမိ၏။
"အဲ့ဒီကျောင်းသားက ပျောက်သွားတာမဟုတ်ဘူး သေသွားတာ "
"ဘာ ? . မင်းကဘယ်လို "
"ခင်ဗျားယုံတယ်ဆိုတဲ့ သရဲဖြစ်နေလို့ ကျွန်တော်သိခဲ့တာပါ အခုစုံစမ်းရမှာက သူဘယ်လိုသေသွားတာလဲဆိုတာပဲရှိတော့တယ် သူ့နာမည်ကဇိန်းတဲ့ . . "
"ဒါဆို သူသေတဲ့အမှုကိုစုံစမ်းလိုက်ရင် ကျောင်းမှာဝှက်ထားတဲ့အကြောင်းအရာတွေအားလုံးပေါ်ထွက်လာမယ်ထင်တယ် ငါကူစုံစမ်းပေးမယ်. . . ဘာလဲ မင်းသရဲမြင်ခဲ့ရပြီးလန့်နေလို့လား "
"မဟုတ်ပါဘူး . ခင်ဗျားလည်းဆက်စုံစမ်းပါ ကျွန်တော်လည်းစုံစမ်းပါ့မယ်. . . "
မလန့်ဘူးသာပြောတယ် ဒါသူ့ရဲ့ပထမဆုံးသရဲကိုမြင်ဖူးခြင်းလည်းဖြစ်တယ် သူချစ်တဲ့သူငယ်ချင်းအပေါ်မှာပဲဖြစ်ပျက်သွားတာဆိုတော့ သူရင်မထိတ်ပဲနေတယ်ပြောရင် လိမ်ရာပဲကျမည်။
"အင်းအင်း. . . ကြာရင်ငါလည်းအလုပ်ထုတ်ခံရတော့မယ် . . ကြာညောင်းတဲ့အမှုတွဲကိုလိုက်စုံစမ်းနေလို့တဲ့ updateအကြောင်းရာတွေပဲစုံစမ်းဆိုလား. . . "
"ခင်ဗျားအတွက်ရော တကယ်အဆင်ပြေလို့လား . . တော်ကြာအလုပ်ပြုတ်နေ "
"မလိုပါဘူးကွာ ငါရမယ့်အကြောင်းကသေချာပေါက်အမြတ်စွန်းပေါက်မယ့်သတင်းကြီးဆိုတာငါရိပ်မိနေတယ်. . . မရရအောင်ငါဖော်ထုတ်မယ် . . . မင်းအဲ့ဒီကျောင်းသားအကြောင်းစုံစမ်းပါ ငါ Mr.masအကြောင်းကိုစုံစမ်းပါ "

VOCÊ ESTÁ LENDO
Piano Ghost (Complete)
Terrorသူငယ်ချင်းတစ်ယောက်ကိုဆုံးရှုံးလိုက်ရပြီးသည့်နောက် သူ့ကိုယ်သူအပြစ်ရှိသူတစ်ယောက်လို့သတ်မှတ်ထားသောသူတစ်ယောက် . . . . ဘာပဲဖြစ်ဖြစ်လူတိုင်းကတော့အသက်ရှင်နေထိုင်ချင်ကြတာပါပဲလေ. . အဲ့ဒီတော့ အသက်ရှင်ဖို့ကြိုးစားခဲ့တဲ့ငါကမှားလား. . . . . အရှုပ်ထွေးကြားထဲမှ ဖြစ...