(Uni) ရှားစိတ်မထိန်းနိုင်တော့ပဲ အတင်းကုန်းထလိုက်ကာ Mr.masကို ရန်မူဖို့ရန် ကြိုးစားလိုက်စဉ် . . ဖာသာSinက အရုပ်လေးရဲ့ရင်ဘတ်တည့်တည့်ကို ဓါးနဲ့စိုက်ထိုးလိုက်လေသည်။
. . . . . . . . . . . .အစ်. . . . . . . . , . . . .
"သွားတော့ မိစ္ဆာ. . . . "
ထိုသို့ပြုမူစဉ်အတွင်းမှာပဲ ရှားရဲ့မတ်တည်နေတဲ့ခြေလှမ်းတို့ယိုင်လဲသွားကာ စင်မြင့်ပေါ်ကနေ ဝုန်းခနဲပြုတ်ကျသွားခဲ့၏။
ထို့နောက် မျက်နှာကြတ်ပေါ်ကမီးကြိုးတွေအားလုံးက သူ့ဘေးမှာ ပြတ်ကျသွားတော့သည်။ဒ့ီထက်ပိုဆိုးတဲ့အဆင့်မရှိတော့ပါဘူး။ အရုပ်ရဲ့ရင်ဘတ်ဟာ မိစ္ဆာရဲ့အသက်ဖြစ်ပြီး အဲ့ဒီလိုဓါးနဲ့ထိုးစိုက်ခံလိုက်ရလျှင် သူ့တစ်ဘဝလုံး သူများကိုယ်ကိုဒုက္ခပေးခဲ့တဲ့အတွက် ဘာမှမစွမ်းဆောင်နိုင်တဲ့ဝိညာဉ်အနေနဲ့ မကျွတ်မလွတ်သည့်ကြောက်စရာလောကထဲမှာ နစ်မြှုပ်ခြင်းခံရတာဖြစ်ပါတယ်။
အခု ဓါးနဲ့ထိုးစိုက်လိုက်တဲ့အခါမှာပဲ ရှားမှာအရုပ်ပျော့တစ်ခုလို စင်မြင့်ပေါ်ကနေ ဝုန်းခနဲပြုတ်ကျသွားရှာလေတော့သည်။
"တော်တော်ဆိုးတဲ့မိစ္ဆာပဲ. . . "
ဖာသာSinလည်း နှုတ်မှ အနည်းငယ်ရေရွတ်မိလျှက်။
ရှားလဲကျသွားတဲ့အခါမှာ လူတွေအားလုံးလည်း ဆိတ်ငြိမ်၍ သူ့ကိုငေးကြည့်နေမိကြသည်။ ဖာသာက စိုးရိမ်တကြီးနဲ့ ရှားအနားကိုသွားဖို့ရွယ်ပေမယ့် သူက အန္တရာယ်ရှိတာမို့ လူတွေက တားကြလေသည်။"မသွားနဲ့. . . . ဒုက္ခဖြစ်လိမ့်မယ်. . . . ကြောက်စရာ. . . "
"သူထွက်သွားပြီလားမသိဘူး. . . "
အချင်းချင်းလည်း နှုတ်မှတိုးတီးစကားလုံးတွေ ပြောနေကြမိလျှက် ကြမ်းပြင်ပေါ်ငြိမ်ကျနေတဲ့ရှားကို ကြောက်လန့်စွာကြည့်နေကြလေ၏။
ဖာသာsinကလည်း သေချာရေရာမသိ၍ သူ့အနားကိုမသွားဖို့တားထားခဲ့သည်။ထိုစဉ် Mr.masကသူ့ရင်ဘတ်ကို တင်းကြပ်စွာကိုင်လိုက်ရင်း မျက်လုံးပြူ းသွားလေသည်။
. . . . . . . . .အွတ်. . . . . .အွတ်. . . . . . . .အော့. . . . . . . . , .
ရင်ထဲမှာ တဆစ်ဆစ်နဲ့နာကြင်မှုနဲ့အတူ Mr.masပါးစပ်ကနေ သွေးတွေ တဟုန်ထိုးထွက်ကျလာခဲ့သည်။ အားလူံးလည်းလန့်သွားကြတာပေါ့။ သူ့တပည့်တစ်ချို့ကလည်း သူ့ကိုဖေးမလိုက်ရင်း
VOCÊ ESTÁ LENDO
Piano Ghost (Complete)
Terrorသူငယ်ချင်းတစ်ယောက်ကိုဆုံးရှုံးလိုက်ရပြီးသည့်နောက် သူ့ကိုယ်သူအပြစ်ရှိသူတစ်ယောက်လို့သတ်မှတ်ထားသောသူတစ်ယောက် . . . . ဘာပဲဖြစ်ဖြစ်လူတိုင်းကတော့အသက်ရှင်နေထိုင်ချင်ကြတာပါပဲလေ. . အဲ့ဒီတော့ အသက်ရှင်ဖို့ကြိုးစားခဲ့တဲ့ငါကမှားလား. . . . . အရှုပ်ထွေးကြားထဲမှ ဖြစ...