Part 35

1.8K 223 11
                                        

(Uni)  . . . . . . . .ချလပ်. . . . . . . . .ချလပ်. . . . . . . .

တဖျတ်ဖျတ်နဲ့ ဓါတ်ပုံတွေရိုက်နေကြတာမို့ စင်မြင့်ပေါ်မှ ဖာသာက မျက်နှာကိုလက်နဲ့ကာလိုက်လေသည်။

"ဟုတ်ကဲ့ပါ. . . အားလုံးကို လေးစားသမှုနဲ့အရိုအသေပေးပါတယ်. . . "

တဆူဆူနဲ့ ကျောင်းခန်းမထဲမှာ ကျောင်းသားတွေနဲ့ သတင်းထောက်တစ်ချို့ပြည့်နေခဲ့သည်။ ဖာသာနှင့် sisalတစ်ချို့ကတော့ စင်မြင့်ပေါ်မှာနေရာယူလျှက်။

"ဒီကျောင်းရဲ့အကြောင်းကို စိတ်ဝင်စားနေတာကြာပြီ. . စုံစမ်းဖို့ဆိုတာလည်း နှစ်ကာလကြာနေပြီမို့ အစအနထွက်မလာဘူး. . . အခုလိုအမှန်တိုင်းပြောပေမယ့် ဖာသာကြီးကို အထူးကျေးဇူးတင်ပါတယ် "

သိချင်တဲ့သူတစ်ချို့ကလည်း သိခွင့်ရတော့မယ်ဆိုတော့ ကျေနပ်အားတက်သရောပြောကြ၏။
အကြောင်းရင်းကိုသိချင်လို့ စစ်သွေးနဲ့အတူ လေပြေလည်း ထိုဆွေးနွေးပွဲကိုတက်ရောက်လေ၏။

"ဟုတ်ကဲ့ ကျုပ်တို့ကျောင်းကြီးက အနုပညာကျောင်းအဖြစ်မတည်မြဲခင်က မိဘမဲ့ဂေဟာလေးတစ်ခုပါ Mr.masဆိုတဲ့ပုဂ္ဂိုလ်ရဲ့ထောက်ပံ့ပေးမှုကြောင့်အခုလိုခံ့ခံ့ညားညားဖြစ်လာခဲ့တာပါ . . အခုတားမြစ်ထားတဲ့ ကျောင်းအိုကြီးက အရင်နှစ်က မိဘမဲ့ဂေဟာလေးကနေ အနုပညာကျောင်းအဖြစ်စတင်ဖွင့်လှစ်ခဲ့တဲ့နေရာပါ. . . "

"အဲ့ဒီထဲမှာ သရဲရှိတယ်ဆိုတာ တကယ်ပဲလားဗျ "

"ဘယ်ကနေ အဲ့ဒီလိုသရဲတွေ ရောက်လာရတာလဲ "

သိချင်တဲ့သတင်းထောက်တွေကလည်း အစီအရီမေးခွန်းတွေထွက်လာကြ၏။ သူတို့မေးသမျှကို ဖာသာကမျက်နှာမပျက်ဖြေပေးလေသည်။

"လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က မိဘမဲ့ကျောင်းကို ရောက်လာတဲ့ကလေးတစ်ယောက်ကစတာပေါ့ သူ့နာမည်က ဇိန်းတဲ့ "

ဖာသာက သူ့ရဲ့အကြောင်းတွေကိုပြောဖို့ ဆိုင်းပြင်လေတော့ ချုပ်နှောင်ခန်းထဲမှာ ရှိနေခဲ့တဲ့ရှားရဲ့မျက်ဝန်းအစုံကပွင့်ဟလာခဲ့သည်။

"အဲ့ဒီနာမည်က ကံဆိုးသူလို့သဘောရတယ်. . . သူကငယ်ငယ်လေးကတည်း တအားဆိုးသွမ်းခဲ့တာ ကျုပ်တို့ဂေဟာကသူ့ကိုမွေးစားထားရတော့လည်း မသက်သာပဲ ဆုံးမသွန်သင်ပြုစုပျိုးထောင်ပေးခဲ့တာပေါ့. . . .သူက pianoတော့ ဝါသနာပါတယ်ဗျ 2009လောက်မှာ အနုပညာကျောင်းစတင်ဖွင့်လှစ်ခဲ့တော့ သူကအရင်ကထက်ပိုပြီးဆိုးလာတယ် . . . တစ်ခုရှိတာက သူဆေးစွဲနေပြီ "

Piano Ghost (Complete)Where stories live. Discover now