Part 28

1.8K 212 2
                                    

(Uni) သူ့ဆီသို့ လက်ညှိုးထိုးလာသောကြောင့် ရှားရဲ့မျက်နှာကခက်ထန်သွားသည့်ပုံပင်။ ထိုစဉ် စစ်သွေးက ရှားရှေ့ကနေ ကာစီးကာပြောလာသည်။

"ဇွဲ မင်းလျှောက်ထင်နေတာဖြစ်မှာပါ. . . မင်း နေကောင်းသေးတာမဟုတ်ဘူး. . . . "

"အေးလေကွာ. . သူက လူမဟုတ်လို့ ဘာဖြစ်ရမှာလဲ. . .မင်းထင်ယောင်ထင်မှားဖြစ်တာနေမယ်. . . မကြောက်နဲ့တော့. . ငါတို့အားလုံးရှိတယ်. . .  "

စစ်သွေးနဲ့ ရဲသော်လည်း ဇွဲကို စိတ်ပြေအောင် ပြောကြရလေ၏။

ဇွဲကတအားကြောက်လန့်နေတော့ စစ်သွေး သူ့နောက်က ရှားကိုတစ်ချက်လှည့်ကြည့်မိပါသေးသည်။

ရှားရဲ့ရုပ်ကတော့ တည်ငြိမ်နေပြီး ကျောက်ရုပ်တစ်ရုပ်ကို ဇွဲကိုစိုက်ကြည့်နေသည်။

"ထွက်သွား. . . ငါ့အနားကနေ ထွက်သွား. . . . အား. . . "

ဇွဲကတော့ ကြောက်အားလန့်အားနှင့် ရှားကိုနှင်ထုတ်ပါတော့သည်။

"သူစိတ်ငြိမ်သေးတာမဟုတ်ဘူး. . ဟေ့ကောင် ရှားကိုခေါ်ပြီးထွက်သွားလိုက်စမ်းပါ. . . "

ဇွဲက စားပွဲပေါ်မှ ရှိတဲ့ပစ္စည်းတွေနဲ့ ရှားကိုကောက်ပေါက်ထုနေ၍ အကုန်ထိခိုက်ကုန်မှာစိုးတာကြောင့် ရဲသော်လည်း သူတို့နှစ်ယောက်ကိုထွက်သွားခိုင်းရသည်။

"သူ့ကိုထိန်းထားလိုက်ဦး. . . "

စစ်သွေးလည်း အခြေနေကိုနားလည်တာကြောင့် ရှားလက်ကိုဆွဲကာ ကုသဆောင်မှထွက်လာခဲ့လေသည်။

▪▪▪▪▪▪▪

"ရှား. . . မင်းလန့်သွားသေးလား. . . သူကစိတ်ပုံမှန်မဟုတ်သေးတာငါမေ့ပြီးမင်းကိုခေါ်လာခဲ့မိတာ. . . "

အပြင်ရောက်တော့ ရှားလန့်သွားမည်စိုး၍ ဖြေဖျောက်ပေးလိုက်ရသေးသည်။ သို့သော် ရှားကတော့ ဘာမှပြန်မပြောပေ။
စစ်သွေးလက်က နာရီကိုတစ်ချက်ကြည့်မိပါသည်။

"Ar. . တစ်ချက်တောင်ထိုးပြီ. . . ရှား. . မင်းအတန်းချိန်ရှိသေးလား. . . "

စစ်သွေးပြာယာခတ်သွားသည့်ပုံနှင့်ပြောလာသော်လည်း ရှားကသူ့ကိုကြောင်၍သာကြည့်နေသည်။

Piano Ghost (Complete)Where stories live. Discover now