Part 17

2K 218 3
                                    

(Uni) စစ်သွေးလည်း ရှားအတွက်စိတ်ပူသွားပြီး သစ်ပင်တစ်ခုနောက်မှာကွယ်ဝှက်ကြည့်နေရာကနေ သူတို့ရှေ့သို့ပြေးဝင်တားလိုက်လေသည်။

''ရှား ဘာဖြစ်နေတာလဲ. . . . ''

ထိုလူတွေလက်ထဲကနေ ရှားကိုအတင်းဆွဲထုတ်ယူလိုက်သည်။ရှားရဲ့မျက်နှာတစ်ခုလုံးမှာ ဒေါသစိတ်တွေနဲ့ပြည့်နှက်ပြီး ရန်လိုစိတ်တွေသာပြင်းပြနေခဲ့သည်။

"ဒီကောင် မိန်းကလေးအဆောင်ရှေ့မှာလာသောင်းကျန်းနေလို့. ''

''ဟုတ်တယ် ဒီကောင့်ကိုရုံးခန်းခေါ်ပြီးအပြစ်ပေးရမယ်. . . ''

ထိုအဖွဲ့က ရှားကိုရုံးသို့မပို့ခင် စစ်သွေးကြားထဲကနေ ဝန်ချတောင်းပန်ရလေသည်။

''တောင်းပန်ပါတယ်ဗျာ. . . သူကသူငယ်ချင်းကိုတွေ့ချင်စိတ်များသွားလို့ပါ နောက်တစ်ခါမဖြစ်စေရပါဘူး ပြီးတော့သူကဒီကျောင်းမှာကျောင်းသားသစ်လည်းဖြစ်တာမို့ခွင့်လွှတ်ပေးပါဗျာ. . . တောင်းပန်ပါတယ်. . . . . ''

# # # #  # # # # # # # # #  # # # # # # #

"တော်သေးတာပေါ့ ရှားရာ . . အန္တာရာယ်နဲ့သီသီလေးလွဲသွားတာပဲ''

ကံသီသွား၍ ထိန်းသိမ်းရေးအဖွဲ့လက်ထဲမှလွတ်သွားခဲ့သည်။ စစ်သွေးမှာကြားထဲကနေဖြေရှင်းပေးလိုက်ရ၍ အတော်ပင်ခြေကုန်လက်ပန်းကျသွားရသည်။

ရှားမှာတော့ သူဝင်ကယ်ပေးလို့ကျေးဇူးစကားလုံးလုံးမပြော။
စစ်သွေးကို သူစကားပြောချင်သော်လည်း သူ့ရဲ့ပြိုင်ဘက်တစ်ယောက်လို့သတ်မှတ်ထားတာကြောင့် သူဘာမပြောပဲ ရုပ်ချင်းမလှပျောက်သွားရှာသောသူ့သူငယ်ချင်းလေပြေကိုသာတွေးပူမိလေသည်။

ဦးနှောက်တွေထွေပြားပြီး ဂနာမငြိမ်ဖြစ်နေတဲ့ရှားရဲ့အပြုအမူကြောင့် သူ့စိတ်ကိုဖြေဖျောက်ပေးရန် ဖုန်းကိုလှမ်းပေးရင်း စကားစလိုင်လေ၏။

''ရော့ မင်းဖုန်း. . . . "

သူလှမ်းပေးလိုက်သော ဖုန်းကို ရှားလက်ခံလိုက်ပြီး အတွေးပေါင်းသောင်းခြောက်ထောင်ထဲဆက်ပြီးဝဲလည်ရစ်နေလေသည်။

"ဘာဖြစ်လို့လဲ ရှားရာ . . . . အကို့ကိုပြောလေ ဘယ်သူဘာဖြစ်လို့လဲ. . . ''

Piano Ghost (Complete)Donde viven las historias. Descúbrelo ahora