Part 11

2.2K 277 2
                                    

(Uni) ''ဟဲ့ နင်ဘယ်လိုဖြစ်နေတာလဲ. . . ''

စာကြည့်တိုက်ရှေ့မှာ တဝဲလည်လည်လုပ်နေတဲ့ လေပြေကြောင့် အတူပါလာသောသူ့သူငယ်ချင်းမလေး ဖူးစုံတစ်ယောက် မျက်စိနောက်လာလေသည်။

''အသာနေစမ်းပါ. . . ငါ့ crushလေးကိုချောင်းမလို့. . . ''

ဖူးစုံမှာ လေပြေနှင့်ဆန့်ကျင်ဘက် အေးအေးလူလူနေထိုင်တတ်သောမိန်းကလေးဖြစ်သည်။ 3Step ကေအတိုနှင့် မျက်နှာသွယ်သွယ် ချစ်စရာကောင်းသည့်စတိုင်ပင်။ နာမည်နှင့်လိုက်အောင် ပြည့်ပြည့်ဖြိုးဖြိုးရှိသည်။

''နင့် crushက ဘယ်သူလဲ. . . ''

ဖူးစုံမှာဘာမှနားမလည်။

''လာစမ်းပါ ငါ့နောက်ကိုလိုက်ခဲ့. . . . ''

လေပြေတစ်ယောက်ကလည်းသည်းကြီးမည်းကြီးနှင့် သူမကိုလက်ဆွဲခေါ်သွားလေသည်။

🕋🕋🕋🕋🕋🕋🕋🕋🕋🕋🕋🕋🕋🕋

#Nunသေချာမသိဘူး. . . အဲ့ဒီညနေက ဦးစိန်တစ်ယောက်တော့ စာအုပ်အထုပ်တစ်ထုပ် လက်ထောက်ရုံးခန်းထဲကိုသယ်သွားတယ်ပြောတာပဲ#

ခေါင်းထဲမှာအတွေးတစ်ချို့ရစ်ဝဲကာ စာကြည့်တိုက်ထဲကနေ စစ်သွေးထွက်လာခဲ့သည်။

"သူထွက်လာပြီ. . . ဟိုမယ်. . . "

စစ်သွေးထွက်လာသည်ကိုမြင်တော့ လေပြေပြာပြသလဲပြောပြလေ၏။

''အဲ့ဒါလား နင့်crush. . . ''

''အေး. . . လာ စကားသွားပြောရအောင်. . . ''

လက်ရဲနိုင်လွန်းတဲ့လေပြေကို ဖူးစုံလုံးလုံးမျှတားမရပဲ လက်ဆွဲခေါ်ရာနောက်ပါသွားလေသည်။

"အကို. . . . ညီမကိုမှတ်မိလား. . . . "

အတွေးနဲ့ခေါင်းခြောက်နေသည်ဆိုမှ ထိုကလေးမတစ်ယောက်ကသူ့ရှေ့ရစ်သီရစ်သီလုပ်လာ၍ စစ်သွေးသိပ်အမြင်မကြည်တော့ပေ။

''မသိဘူး. . . "

စကားကိုပြတ်သားစွာပြောပြီး လှည့်ထွက်ဖို့လုပ်သော်လည်း လေပြေကကာစီးထားတုန်း။

''အကိုသိမှာပါ. . . ရှားရဲ့သူငယ်ချင်း လေပြေလေ. . . လေပြေသင်း. . . . အကိုမှတ်မိတယ်မလား. . . ''

Piano Ghost (Complete)Dove le storie prendono vita. Scoprilo ora