Part 36

1.8K 226 8
                                    

(Uni) "ငါ ကျောင်းအိုကြီးထဲကို သွားခဲ့ပြီးပြီ သံသယဖြစ်တာလေးတွေနည်းနည်းတော့တွေ့တယ် . . . ငါမင်းကိုပြပေးမယ်လေ ဟာ ဒီခွေးက . . . အ. . . ."

ထိုခွေးကို သူ့ခြေထောက်ကနေ အတင်းကန်ထုတ်လိုက်ရာ ခွေးကအရှိန်နဲ့အဝေးထွက်မသွားခင် သူ့ကိုကုတ်တွယ်ထားတာမို့ ခွေးရဲ့လက်သည်းတွေနဲ့ သူ့ခြေသလုံးကိုခြစ်မိသွားလေ၏။

"မင်း ခြေထောက်. . . . "

စစ်သွေးလည်း နည်းနည်းပြာသွားပြီး ရဲသော်ရဲ့ခြေထောက်ကို စိုးရိမ်တကြီးလက်ညှိုးထိုးပြလိုက်သည်။ ရဲသော်ကြည့်ရတာ ပေါ့တီးပေါ့ဆနှင့် စပ်ဖြီးဖြီးပြုံးဆဲ. . .

"ဘာမဖြစ်ဘူးရယ်. . . ကြာရင်ပျောက်သွားလိမ့်မယ်. .  ယောကျာ်းပဲ အဲ့ဒီလောက်တော့မနာပါဘူး . . အဲ့ဒီခွေးစုတ်. . တောက် "

ရဲသော်ရဲ့ပေါ့ဆဆနေမှုကို စစ်သွေးကြည့်ရင်း အားမလိုအားမရဖြစ်သွားလေ၏။

"ဘာမဖြစ်ဘူးဟုတ်လား. . ပိုးတွေဝင်သွားပြီး မင်းခွေးရူးပြန်ရောဂါဖြစ်သွားရင်ဘယ်လိုလုပ်မလဲ. . . ဘယ်ကခွေးမှန်းမသိပဲနဲ့ "

နှုတ်သီးကောင်းကောင်းနဲ့တပေါက်ပေါက်ပြောလာတော့ ရဲသော်သူ့ကိုပါးစပ်ဟောင်းလောင်းနဲ့ငေးကြည့်နေမိသည်။

"မင်း အခု ငါ့ကိုစိတ်ပူပေးနေတာလား . . ဟဟ . . "

ရဲသော်က ကျေနပ်သည့်အပြုံးနှင့် တဟဟ ရယ်လာတော့ စစ်သွေးအနည်းငယ်မာနကိုပြန်ထိန်းလိုက်၏။

"စိတ်မပူပါဘူး. . . မင်းသေသွားရင် ရန်နိုင်ကိုအနိုင်သွားကျင့်မှားဆိုးလို့ ပြောနေတာ. . . "

"ဟဟား. . . အဲ့ဒီလိုပဲမှတ်လိုက်ပါ့မယ် . . အခုမင်းကဘယ်သွားမလို့လဲ. . ကျောင်းအိုကြီးထဲကိုလား. . . ငါခိုးဝင်ခဲ့ပြီးပြီ သံသယဝင်တာလေးတွေ ယူခဲ့ပြီးပြီ မသွားနဲ့တော့ "

"ငါအဲ့ဒီကိုသွားမလို့မဟုတ်ဘူး. . . လူတစ်ယောက်ကိုရှာနေတာ "

"လူတစ်ယောက် ?? "

"သေချာတယ် အဲ့ဒီခွေးပိုင်ရှင်ပဲ. . . "

"မင်းက ခွေးပိုင်ရှင်ကို ဘာလုပ်မလို့လဲ "

Piano Ghost (Complete)Donde viven las historias. Descúbrelo ahora