(Uni) ဇိန်းလန့်သွားပြီး တံခါးဆီသို့အတင်းပြေးလေတော့ အဖွဲ့သားတွေကို သူ့ကိုဝိုင်းဆွဲကြ၏။
. . . . . . . . . . . .ဂျောက်. . . . . . . . . . . . . . .
ထိုစဉ်မှာပဲ ဒေါ်ဒေါ်သက်က တံခါးကိုလော့ချလိုက်လေတော့. . .
သူချစ်ခင်ခဲ့ရတဲ့မွေးစားအမေပါ ကြံရာပါမှန်း သူသိသွားရတော့သည်။". . . . လွှတ်စမ်း. . . . . ."
ကြောက်လှလွန်း၍ သူ့ကိုကယ်ပါလို့ တောင်းတနေတဲ့မျက်ဝန်းလေးနှင့် ဒေါ်ဒေါ်သက်ရဲ့လက်ကို သူအတင်းဆွဲလေ၏။ သို့သော် ဒေါ်ဒေါ်သက်က အကြင်နာတရားကင်းမဲ့စွာ လက်ကိုပယ်ချလိုက်သည်။
သူ့မှာ ကူညီရာမဲ့ဖြစ်နေခဲ့၍ သူ့ကိုမရက်စက်ပါနဲ့လို့ ပြောချင်နေသည့်ပုံနှင့် Mr.masရှေ့ကိုဒူးထောက်ကာ လက်အုပ်ချီပြီး ငိုယိုတောင်းပန်လေသည်။
"စလိုက်တော့. . "
Mr.masရဲ့စကားတစ်ခွန်းအဆုံးမှာ သူ့ကိုသတ်မည်ဆိုတာကြိုသိတာကြောင့် သူအတင်းကုန်းထပြီး Mr.masခြေထောက်ကိုဖက်တွယ်ကာ အတင်းတောင်းပန်လေတော့သည်။ သွက်သွက်ခါအောင်ခေါင်းကိုရမ်းရင်း သူ့ကိုညှာတာပေးဖို့ အတင်းတောင်းဆိုလေ၏။ ဘေးက နောက်လိုက်တွေကလည်း သူ့ကိုကြည့်ပြီး သနားလို့မလုပ်ရက်ပဲ ကြောင်ရပ်နေကြသည်။
"ဆရာ. . . "
လက်ထဲမှာ ဆေးထိုးအပ်ကိုင်ထားသည့်ကောင်က Mr.masကိုလုပ်ရမှာလားဆိုတဲ့အကြည့်နှင့်ကြည့်လာခဲ့သည်။ Mr.masလည်း သူ့ခြေထောက်ကိုဖက်တွယ်နေတဲ့ထိုကောင်လေးကိုအတင်းကန်ကျောက်လိုက်ပြီး စဖို့ အမိန့်ပေးလိုက်၏။
"စတော့လို့. . . "
ထိုစဉ်မှာပဲ လဲသွားသောဇိန်းကို အဖွဲ့သားတွေက အတင်းဆွဲထူပြီး ထိန်းကြလေတော့သည်။ ဇိန်းလည်း လန့်ဖြန့်ပြီး သူတို့လက်ထဲကအတင်းရုန်းတာပေါ့။ ကျန်တဲ့သူတွေက သူ့ကိုမရုန်းနိုင်အောင်ထိန်းထားစဉ် တစ်ယောက်က သူ့အကျီၤကော်လံကိုဆွဲဖြဲလိုက်ပြီး လည်ပင်းထဲသို့ ဆေးထိုးအပ်ကိုစိုက်ချလိုက်တော့သည်။
. . . . . . . . . . .အစ်. . . . . . . . . . . . . . . . .
ပန်းခရမ်းရောင်ဆေးရည်တွေ သူ့လည်ပင်းထဲသို့အကုန်ဝင်သွားသည့်အခါ ဇိန်းမရုန်းကန်နိုင်တော့ပဲ ဆေးအရှိန်ပြပြီး အရုပ်ပျော့လို ခွေကျသွားတော့သည်။ သို့သော် အသိစိတ်ကတော့ လုံးဝမပျောက်ပေ။
![](https://img.wattpad.com/cover/172154154-288-k436850.jpg)
KAMU SEDANG MEMBACA
Piano Ghost (Complete)
Hororသူငယ်ချင်းတစ်ယောက်ကိုဆုံးရှုံးလိုက်ရပြီးသည့်နောက် သူ့ကိုယ်သူအပြစ်ရှိသူတစ်ယောက်လို့သတ်မှတ်ထားသောသူတစ်ယောက် . . . . ဘာပဲဖြစ်ဖြစ်လူတိုင်းကတော့အသက်ရှင်နေထိုင်ချင်ကြတာပါပဲလေ. . အဲ့ဒီတော့ အသက်ရှင်ဖို့ကြိုးစားခဲ့တဲ့ငါကမှားလား. . . . . အရှုပ်ထွေးကြားထဲမှ ဖြစ...