(Uni) . $ I found a love. . . . . # # # . Darling. . . .
ဒီနေ့တီးဖို့အတွက် သီချင်းသံစဉ်လေးကို နှုတ်ထဲရေရွတ်နေမိရင်း piano roomသို့ ရှားလျှောက်လှမ်းလာခဲ့သည်။
ထိုစဉ် အနက်ရောင်ဝတ်စုံနဲ့ မိန်းကလေးတစ်ယောက် သူ့ရှေ့ကနေဖြတ်ခနဲလျှောက်သွားလိုက်တာကို သူမြင်လိုက်ရသည်။ ဘယ်လိုခြေလှမ်းမျိုးနဲ့လျှောက်သွားလိုက်တယ်မသိ။ ပြေးထွက်သွားလိုက်တာလား ဘယ်လိုရယ်မသိ အရမ်းကိုမြန်လွန်းသည်။''ဟင် ပလွှာမလား . . . . . ''
သူမရဲ့အရိပ်ကိုဖြတ်ခနဲမြင်လိုက်ရသော်လည်း ရှားသူမကိုတန်းသိလေသည်။
ထိုတစ်ယောက်က သူ့မျက်စိရှေ့တည့်တည့်မှာတင် အခန်းတစ်ခုကိုကွေ့ဝင်သွားသည်။
''ပလွှာက လူမှဟုတ်ရဲ့လား. . . ''
သူလည်း စိတ်ထဲဇဝေဇဝါဖြစ်သွားပြီး သူမကွေ့သွားသောအခန်းထဲကိုလိုက်ဝင်ကြည့်လိုက်သည်။
Pianoနဲ့သက်ဆိုင်တဲ့ပုံတွေနှင့်အတူ စာအုပ်မျိုးစုံခင်းကျင်းထားသောအခန်းကြီးပင်။ ဆုတံဆိပ်တစ်ချို့လည်းမှန်လှောင်အိမ်ထဲမှာ တင့်တည်စွာနေရယူလျက်ရှိသည်။
စာအုပ်အနည်းငယ်သိမ်းထားသောစင်ရဲ့ရှေ့မှာ ပလွှာကမတ်တတ်ရပ်နေတာမို့ ရှားမသွားရဲတာနဲ့ ထောင့်တစ်ခုမှာကပ်နေခဲ့မိ၏။
''ဒီကိုလာပါ. . . ပြစရာရှိတယ်. . . ''
သို့သော် ပလွှာက သူအနားမှာရှိတာကိုကြိုခန့်မှန်းမိနေသည့်ပုံနှင့် ရှားကိုလှမ်းခေါ်လိုက်သည်။
*ဟင် သူငါ့ကိုသိသွားတာလား ဒုက္ခပါပဲ. . . . *
မသက်သာတော့တာနဲ့ ရှားလည်းသူမအနားသွားရပ်လိုက်သည်။
မျက်နှာတစ်ခုလုံးက ဖွေးစွတ်နေကာ သွေးမရှိဟုထင်ရလောက်သည့်ပလွှာဟာ သာမန်လူတစ်ယောက်မဟုတ်မှန်း ရှားရိပ်မိပါသည်။ စာအုပ်စင်ဘေးကနံရံမှာချိတ်ထားသောဓါတ်ပုံတစ်ခုကို သွေးအေးစွာစိုက်ကြည့်နေသောသူမကို ထူးဆန်းစွာရှားငေးကြည့်နေမိ၏။''မင်းသွားတာက အရမ်းမြန်တယ်နော်. . . ''
စကားအစရှာတဲ့အနေနဲ့ ပြောမိပြောရာပြောလိုက်သော် ပလွှာကပြုံးလေရဲ့။

YOU ARE READING
Piano Ghost (Complete)
Horrorသူငယ်ချင်းတစ်ယောက်ကိုဆုံးရှုံးလိုက်ရပြီးသည့်နောက် သူ့ကိုယ်သူအပြစ်ရှိသူတစ်ယောက်လို့သတ်မှတ်ထားသောသူတစ်ယောက် . . . . ဘာပဲဖြစ်ဖြစ်လူတိုင်းကတော့အသက်ရှင်နေထိုင်ချင်ကြတာပါပဲလေ. . အဲ့ဒီတော့ အသက်ရှင်ဖို့ကြိုးစားခဲ့တဲ့ငါကမှားလား. . . . . အရှုပ်ထွေးကြားထဲမှ ဖြစ...