(Uni) . . . . I love you. . . .🎵🔂➰..... . .
စကားပြောနဲ့သံစဉ်ကိုတွဲလုပ်ဆောင်ပေးထားတဲ့ စာအုပ်ဖြစ်၍ ရှား တော်တော်လေးသဘောကျသွားလေသည်။
ညအိပ်ခါနီးတောင် ထိုစာအုပ်ကို ဖတ်နေရင်း. . . . . . . . .
🕚🕚🕚🕚🕚🕚🕚🕚🕚🕚🕚🕚🕚🕚
မီးကလည်း ဆယ်နာရီမှာပိတ်သွားတော့ တစ်ခန်းလုံးမှောင်နေသော်လည်း ရှေ့ဘက်အုပ်စုက ကမြင်းကြောထကြသည်။
"ဟေ့ကောင်. . . ငါတို့တွေ သရဲကြောင်းပြောတမ်းကစားရအောင် . "
စလိုက်တဲ့သူက ရဲသော်ပင်။ ပေါက်တောက်ငရ ထွေရာလေးပါး အကုန်လုပ်တဲ့ ငနဲပါ။
"ဘယ်လို ပြောရမှာလဲ . . "
"ပုလင်းလှည့်တိုင်း ကစားမယ် ဖယောင်းတိုင်မီးထွန်းပြီး. . . . မင်းတို့သရဲခြောက်တာခံဖူးချင်ကြတယ်မလား. . . ညကိုသရဲကြောင်းပြောရင် သရဲတကယ်လာတယ်တဲ့. . . . "
"OK. . "
တစ်ဖွဲ့လုံးကလည်း တက်တက်ကြွကြွနဲ့ ဖယောင်းတိုင်တစ်တိုင်ကို ခလယ်မှာထွန်းလိုက်ကြသည်။
ထို့နောက် လှဲထားသောပုလင်းကိုစလှည့်တော့၏။
ပုလင်းရဲ့ထိပ်က ဇွဲဘက်သို့လှည့်သွားလေသည်။"အဟေး. . . . . ကဲ စပြောတော့ ဇွဲ. . . "
"ငါပြောမယ့်သရဲက အိပ်စောင့်သရဲအကြောင်း. . . . . "
တိတ်ဆိတ်နေတဲ့အထဲမှာ သူ့ရဲ့တုန်တုန်ယင်ယင်အသံက ခြောက်ခြားဖို့အသွင်ဆောင်နေပေသည်။
. . . . .ငါပြောပြမယ်ကွ. . .ညတိုင်းညတိုင်း မင်းတို့တွေ စင်္ကြံနားမှာခြေသံတွေကြားရတယ်မလား. . . . . . .
. . . . . . .အေး. . . . . ငါဆိုကြောက်လို့အိမ်သာတောင်မသွားရဲဘူး. . . . . . . .
. . . . .အဲ့ဒီစင်္ကြံမှာ သရဲရှိတယ်တဲ့ . . . . . . .
. . . . .မင်းဟာကဟုတ်လို့လားကွာ. . . . . . .
. . . .အင်း. . . . . . .ဒီကျောင်းကြီးစဖြစ်လာကတည်းကကျောင်းကြီးမှာမိဘမဲ့ကလေးတွေကိုစောင့်ရှောက်တဲ့ အထိန်းသယ်တစ်ယောက်ရှိတယ်တဲ့ကွ . . . ညတိုင်း ကလေးတွေကိုချော့သိပ်ရတယ်တဲ့ . . .ဒါပေမယ့် ညကြီးတညမှာ အဲ့ဒီမိန်းမကြီးက ဘုရားရှင်ရဲ့ရှေ့တည့်တည့်မှာ ကြိုးကွင်းစွပ်သေတာတဲ့ကွ. . . . . .
ESTÁS LEYENDO
Piano Ghost (Complete)
Terrorသူငယ်ချင်းတစ်ယောက်ကိုဆုံးရှုံးလိုက်ရပြီးသည့်နောက် သူ့ကိုယ်သူအပြစ်ရှိသူတစ်ယောက်လို့သတ်မှတ်ထားသောသူတစ်ယောက် . . . . ဘာပဲဖြစ်ဖြစ်လူတိုင်းကတော့အသက်ရှင်နေထိုင်ချင်ကြတာပါပဲလေ. . အဲ့ဒီတော့ အသက်ရှင်ဖို့ကြိုးစားခဲ့တဲ့ငါကမှားလား. . . . . အရှုပ်ထွေးကြားထဲမှ ဖြစ...