Part 41

1.9K 222 6
                                    

(Uni)  "တော်တော့ ဇိန်း. . . . . "

ထိုစဉ် ရပ်ခိုင်းဖို့တားနေတဲ့ဒိုင်လူကြီးမ ဖြစ်တဲ့ ဒေါ်သွယ်ကျော့က ထပ်၍ အော်တားလိုက်ရာ Mr.masအပါအဝင် ဖာသာပါလန့်သွားလေသည်။

. . . . . . . , သူဇိန်းကိုသိနေတယ်. . . .??? . . . . . . . .
.
အားလုံးလည်းအံ့သြစွာသူမကိုကြည့်လာစဉ် pianoသံလည်းရပ်တန့်သွားခဲ့သည်။
သူမမှာလည်း ဝမ်းသာမျက်ရည်တစ်ချို့ဝဲလာသလိုပင်။

"ဘယ်လိုတွေ ပျောက်သွားခဲ့တာလဲဇိန်း. . . . မင်းကိုအားလုံးမျှော်နေခဲ့တာ. . . ဒိုင်လူကြီးတို့သိခဲ့ကြတယ်မလား. . နိုင်ငံခြားကိုတောင်ယှဉ်ပြိုင်နိုင်မယ့်လက်ရေဆိုပြီး ချီးမွမ်းခဲ့တဲ့ကလေးလေ. . သူအခုပြန်ရောက်လာပြီထင်တယ်. . . . "

ဒိုင်တွေအားလုံးက သူပျောက်သွားတယ်ဆိုတာပဲသိခဲ့သည်။ သေတယ်ဆိုတာလုံးဝမသိပေ။

"သြော် စကားမပြောတတ်တဲ့ကလေးလား. . . "

"ဘာလို့အခုမှပေါ်လာတာလဲ ဘယ်တွေ သွားနေတာလဲ. . . ဖာသာကြီးအကျိုးအကြောင်းပြောပြပါဦးဗျာ. . . "

ဒိုင်တွေလည်း အမှတ်ရသွားပြီး သွေးရိုးသားရိုးနှင့်ဖာသာအားမေးလာခဲ့တော့ ဖာသာအခက်တွေ့ပြီပေါ့။
ဒီဒိုင်တွေက တကယ့်ဝါရင့်သမားကြီးတွေဖြစ်ပြီး ပြိုင်ပွဲတိုင်းကို လိုက်ဝေဖန်အကဲဖြတ်ပေးခဲ့တဲ့သူတွေပါ။
ဒီကျောင်းကိုလည်း အနုပညာကျောင်းအဖြစ်စတည်ထောင်ကတည်းက အကဲဖြတ်ပေးခဲ့ကြတာတော့ ဓါတ်သိလူသိတွေပေါ့။

"ဇိန်း မတွေ့ရတာကြာပြီ. . . pianoရှေ့ ထွက်ခဲ့ပါဦးကွယ်. . . ကောင်စုတ်လေး. . . . "

ဒိုင်တွေကလည်း ဖော်ဖော်ရွေရွေနှင့် ထိုကျောင်းသားအား pianoရှေ့ထွက်လာဖို့ပြောလေတော့ Mr.masက နောက်နည်းနည်းတွန့်သွားလေသည်။

"ဆရာမကို ဘာတွေမကျေနပ်ချက်တိုင်စရာရှိလို့လဲဟင် ? တီးနေတာတွေက ရန်ထောင်နေတာတွေချည်းပဲ. . . "

ဟုတ်ပါတယ်။ အကဲဖြတ်ဒိုင်လူကြီးက အရင်ကတည်းက ဇိန်းရဲ့ဆရာမပါ။ piano and talkerစာအုပ်ကို ဇိန်းအတွက် သူမထွင်ပေးခဲ့တာပါ။
စကားမတတ်တဲ့ကလေးအတွက် စာနာထောက်ထားပြီး သင်ပေးခဲ့၍ ဇိန်းဘာပြောနေလဲ သူမအကုန်သိနေသည်။

Piano Ghost (Complete)Where stories live. Discover now