(Uni) တိတ်ဆိတ်ပြီးအမှောင်ထုဖုံးလွှမ်းနေတဲ့ညအချိန်လေးမှာ ပိုးကောင်မွှားကောင်လေးတွေရဲ့အော်မြည်သံတသဲ့သဲ့က နေရာယူထားလို့နေသည်။
ကောင်းကင်ရှိလမင်းဟာလည်း ဘယ်ဆီကိုပျောက်ဆုံးလို့နေသည်မသိ။ ကောင်းကင်မှာလမရှိသည်က တကယ်ပင်အသက်မဲ့လှသည်။
ညည့်နက်လာလေလေ ပို၍စိတ်ခြောက်ခြားဖွယ်ကောင်းလာလေလေပင်။မကြာခင်မှာပဲ တိတ်ဆိတ်နေသောပတ်ဝန်းကျင်တစ်ဝိုက်မှာ ခြေသံတစ်ချို့ကိုကြားလာရလေပြီ။
ဘေးပတ်ဝန်းကျင်ရှိသစ်ပင်တို့မှကြွေကျထားသောသစ်ရွက်ခြောက်တို့ဟာ သူ့ခြေထောက်အောက်မှာ တကျွတ်ကျွတ်အသံမြည်လျက်သား. . . .
မှောင်မည်းနေသောထိုနေရာကို လက်မှာကိုင်ထားသောလက်နှိပ်ဓာတ်မီးနှင့် အလင်းပြုလို့နေသည်။
''အမယ်လေး..... . ဘာကြောက်စရာရှိတာလိုက်လို့. . . သရဲဆိုတာတကယ်မရှိပါဘူးလေ . . .''
အရမ်းတိတ်ဆိတ်နေသည်မို့ စိတ်ထဲကသိကအောက်ဖြစ်ရသော်လည်း မကြောက်အောင်သူ့ကိုယ်သူပြန်ဖေးမနေသည့်နှယ်။
ထိုသူဘယ်များသွားနေတာပါလိမ့်. . . . .
. . . . . . . .အာဝူး. . . . . . .ဝုတ်. . . .ဝုတ်. . . .အာဝူး. . . . . . .
~~ ~~~~ ~~~ဝုတ်~~~ ~ဝုတ် ~~~တိတ်ဆိတ်နေစဉ်မှာပဲ ဘယ်ကမှန်းမသိသောခွေးများအူသံကြောင့်
ထိုတစ်ယောက်ခမျာ လက်မွှေးတွေထလို့လာသည်။''ချီးပဲ. . . ဘာလို့ဒီအချိန်မှထအော်ရလဲခွေးရာ. . . လန့်သွားတာပဲ. . . .စိတ်လျှော့ ရန်နိုင်. . .စိတ်လျှော့ . . .မင်းဘာမဖြစ်ဘူး. . မကြောက်နဲ့. . မကြောက်နဲ့. . .ငါယောကျာ်းစစ်ကြောင်းသူတို့ကိုသက်သေပြဖို့လိုတယ်. . .ငါသွားရမယ်. . . ''
ထိုခွေးအူသံတွေကိုအံတုပြီး သူ့ကိုယ်သူဖေးမရင်း နောက်ဆုံးတော့ သူဦးတည်သွားတဲ့ထိုနေရာကိုရောက်လာခဲ့ပြီ။
ဟောင်းနွမ်းနေတဲ့ဝင်္ကပါဆန်သောတိုက်ကြီးတစ်ခုပါ။ မဝင်ရဆိုတဲ့ ဆိုင်းပုဒ်ကိုချိတ်ဆွဲထားပြီး. . တံခါးတွေပိတ်ထားသည်။ သော့ခတ်မထားသည်က လက်ထည့်စမ်းချင်တဲ့ကျောင်းသားတွေအဖို့ အခွင့်ကောင်းဖြစ်နေသည်ကို ကြီးကြပ်သူတွေသတိမထားခဲ့လေသလား။

YOU ARE READING
Piano Ghost (Complete)
Horrorသူငယ်ချင်းတစ်ယောက်ကိုဆုံးရှုံးလိုက်ရပြီးသည့်နောက် သူ့ကိုယ်သူအပြစ်ရှိသူတစ်ယောက်လို့သတ်မှတ်ထားသောသူတစ်ယောက် . . . . ဘာပဲဖြစ်ဖြစ်လူတိုင်းကတော့အသက်ရှင်နေထိုင်ချင်ကြတာပါပဲလေ. . အဲ့ဒီတော့ အသက်ရှင်ဖို့ကြိုးစားခဲ့တဲ့ငါကမှားလား. . . . . အရှုပ်ထွေးကြားထဲမှ ဖြစ...