Part 29

1.9K 214 0
                                    

(Uni) ပွင့်ဟလာသောမျက်ဝန်းအစုံရဲ့ ထိပ်တည့်တည့်မှာ မသိမသာယိမ်းနွဲ့နေသော မီးအိမ်တစ်လုံး။ အမှောင်ထုကိုတုနှိုင်းကာ အလင်းပေးနေသောထိုမီးအိမ်လေးကြောင့် တစ်အိမ်လုံးမှာ ဖျော့တော့သောအလင်းရောင်းကိုရနေသည်။

*ငါဘယ်ရောက်နေတာလဲ. . . *

မည်သည့်နေရာမှန်းမသိပဲ လဲှလျောင်းနေမိ၍ သူဝုန်းခနဲဆန်းထလိုက်မိသည်။ ဘေးကပြတင်းပေါက်ကိုလှမ်းကြည့်တော့ သစ်ပင်တွေများစွာရှိနေ၏။ မှောင်ရီပျိုးစအချိန်လည်းဖြစ်တာကြောင့် ထိုသစ်ပင်တို့ဟာ လေအလျှင်နဲ့ယိမ်းနွဲ့နေကြသည်။

"မင်းနိုးလာပြီလား. . . "

အခန်းထဲသို့ဝင်လာသော အထိုလူကြီးကို ရှားသံသယအကြည့်နဲ့ကြည့်နေမိခဲ့သည်။

"ခင်ဗျား ဘယ်သူလဲ. . "

ထိုလူကြီးကလည်း သူ့ကိုမြင်တော့ မျက်နှာကတစ်မျိုးဖြစ်သွားပြီး ဒေါသဖြစ်သွားဟန်နှင့် ရှားဆီအတင်းပြေးလာတော့၏။
ရှားလန့်ပြီးနောက်ဆုတ်လိုက်စဉ် ထိုလူကြီးကသူ့ပုခုံးကိုအတင်းလှုပ်ဆွဲပြီးမေးလာခဲ့ပြန်သည်။

"မင်းဘယ်သူလဲ. . . ဘယ်ကရောက်လာတာလဲ. . . မင်းဘယ်သူလဲ. . "

ဒေါသနဲ့အတင်းလှုပ်ဆွဲမေး၍ ရှားလန့်သွားကာထိုလူကြီးလက်ကိုအတင်းဆွဲဖယ်လေ၏။

"ကျွန်နော့်ကိုလွှတ်. . . အဲ့ဒီစကားကို ကျွန်တော်ကမေးရမှာဗျ . . ခင်ဗျားဘယ်သူလဲ. . . ဘာလို့ကျွန်တော့်ကိုဒီခေါ်လာတာလဲ. . "

ထိုစဉ် လူကြီးက သူ့အကျီၤကော်လံစကိုဆွဲလိုက်ကာ သူနဲ့မျက်နှာချင်းဆုံစေလိုက်သည်။

"ဇိန်းရော. . . ဇိန်းဘယ်ရောက်သွားတာလဲ. . . "

ထိုနာမည်ကို သိနေသောလူကြီးအား ရှားဆက်ပြီးမတုံ့ပြန်တော့ပဲ အံ့သြစွာစိုက်ကြည့်နေမိပြန်ပါသည်။

"ခင် ခင်ဗျား. . . . သူ့ကိုသိတယ်. . ??. . . ဟုတ်လား. . . ဘာလို့ငြိမ်နေရတာလဲ. . ဘာလို့ ဖာသာကိုအကြောင်းမကြားတာလဲ. . . သူကကြောက်စရာကောင်းတဲ့တစ္ဆေ. . အားလုံးကိုဒုက္ခပေးချင်နေတာ. . . လူတွေရဲ့ဝိညာဉ်တွေကိုစုပ်ယူပြီးသူစွမ်းအားကြီးအောင်လုပ်နေတာပဲ . . . သူ့နောက်ကြောင်းကိုခင်ဗျားသိလား. . . ဒီမှာရှိတဲ့သရဲတိုင်းက သူ့ဆိုလုံးဝပြန်မခံရဲလောက်အောင် ကြောက်ဖို့ကောင်းနေတဲ့အကြောင်းတရားကဘာလဲ. . .ပြောပါ. . . သူ့မှာဘာလို့သရဲတွေထက်ပိုဆိုးတဲ့စွမ်းအားတွေရှိနေရတာလဲ. . . သူကဘာလဲ. . . "

Piano Ghost (Complete)Where stories live. Discover now