(Uni) Sisalတစ်ယောက်က စိုးရိပ်တကြီးနှင့် သူ့လက်ကိုဆွဲတားသည်။
သို့သော် စစ်သွေးက sisalလက်ကို အသာဆွဲချလိုက်ပြီး ဂရုမစိုက်ပဲ ကျောင်းအိုကြီးထဲသို့ဝင်သွားတော့သည်။"ရှား. . . မင်းဘယ်မှာလဲ. . . . . ရှား. . . . "
ဘယ်သူမှလိုက်မလာသော်လည်း စစ်သွေးတစ်ယောက် ကျောင်းခန်းအတွင်းတွေသို့ ဝင်ပြီး ရှားကို ရှာနေလျှက်. . . . .
"ဟင်. . .? "
ထိုစဉ် အခန်းဟောင်းတစ်ခုရဲ့ ထောင့်တစ်နေရာမှာ လဲကျနေသော ကောင်လေးတစ်ယောက်ကို စစ်သွေးတွေ့လိုက်ရသည်။ သူခန့်မှန်းမိသည်။ ထိုတစ်ယောက်ဟာ ရှားပဲဖြစ်ရမယ်လို့။ ချက်ချင်းပဲပြေးသွားလိုက်ကာ ထိုကောင်လေးရဲ့ကိုယ်ကိုပွေ့ထူလိုက်၏။
"ရှား သတိထားပါဦး. . . ရှား. . . "
မျက်နှာတစ်ခုလုံးမှာလည်း ဖြူ ရော်နေပြီး သူ့ရဲ့ပါးရိုးတွေမှာ အမည်းအစင်းတွေထင်ကျန်နေ၏။ တစ်ကိုယ်လုံးကလည်း အေးစက်နေ၍ စစ်သွေးစိတ်ပူပြီး အနွေးဓါတ်ရအောင် သူ့ရင်ခွင်ထဲ သွင်းဖက်ပေးလိုက်သည်။
"ဘာလို့အဲ့ဒီလောက်အေးနေတာလဲ. . . ရှား. . . သတိထားပါဦး. . . "
ရှားရဲ့လည်ပင်းအနားသို့ သူ့ရဲ့နားကို တိုးကပ်လိုက်ပြီး အသက်ရှုသံကို ခန့်မှန်းကြည့်သည်။
*သူ အသက်ရှိပါသေးတယ်. . . *
သူအသက်ရှုနေသေးတာသိရတော့ စစ်သွေးစိတ်ပူတာ တစ်ထစ်လျော့သွားရသည်။ အချိန်မှီမြန်မြန်ကယ်တင်နိုင်ဖို့အတွက် ရှားကိုပွေ့ချီကာ ကျောင်းအိုကြီးကနေ သူအပြေးထွက်လာလိုက်၏။
"ရှားကို ရှာတွေ့ပြီ. . . . "
. . . . .flack. . . .flak . . . . .အ. . . အ. . .~ ~ အ~~~
ရှားကိုချီပြီး ကျောင်းတံခါးက အထွက်မှာ ကျောင်းပတ်ဝန်းကျင်၌ ကျက်စားနေကြသော ကျီးကန်းတို့ဟာ အထိတ်အလန့်အော်မြည်ကာ ဝေးရာသို့ပျံသန်းကုန်ကြလေသည်။
ကောင်းကင်ယံမှာ ကျီးကန်းမည်းတို့၏ သုတ်သုတ်နင်းနင်း ဂရောက်ဂယက်ဖြစ်နေပုံဟာ ခြောက်ခြားစရာပင်။
ကျောင်းအပြင်မှာ ရှိသော ဖာသာနှင့်အကြီးအကဲတွေဟာ ကောင်းကင်ယံကိုကြည့်ရင်း တစ်ခုခုကိုစိုးရိမ်နေကြပုံပေါ်သည်။
![](https://img.wattpad.com/cover/172154154-288-k436850.jpg)
ВЫ ЧИТАЕТЕ
Piano Ghost (Complete)
Ужасыသူငယ်ချင်းတစ်ယောက်ကိုဆုံးရှုံးလိုက်ရပြီးသည့်နောက် သူ့ကိုယ်သူအပြစ်ရှိသူတစ်ယောက်လို့သတ်မှတ်ထားသောသူတစ်ယောက် . . . . ဘာပဲဖြစ်ဖြစ်လူတိုင်းကတော့အသက်ရှင်နေထိုင်ချင်ကြတာပါပဲလေ. . အဲ့ဒီတော့ အသက်ရှင်ဖို့ကြိုးစားခဲ့တဲ့ငါကမှားလား. . . . . အရှုပ်ထွေးကြားထဲမှ ဖြစ...