Part 5

2.8K 317 5
                                    

(Uni) ''အကို. . . .အကို. . မိန်းမကြီး. . သရဲ. . သရဲ. . .''

အရမ်းကြောက်စရာကောင်းလွန်းသော အိပ်မက်ကြီးကို တကယ်ဖြစ်ရပ်လို့ပင်ထင်ကာ တုန်ခိုက်နေတဲ့ရှားရဲ့ပုခုံးတို့ကို စစ်သွေးလက်နှစ်ဖက်နဲ့ထိန်းချုပ်လိုက်သည်။

''မင်းအိပ်မက်မက်နေတာ. . .ဒီမှာဘာသရဲမှမရှိဘူး. . . မကြောက်နဲ့တော့နော်. . .''

စစ်သွေးသတိပေးစကားကြောင့် ရှားသူ့ရဲ့အသိစိတ်တို့ကိုပြန်ထိန်းချုပ်ကာ အသက်မှန်မှန်ပြန်ရှုလိုက်သည်။

''ကျွန်တော်အပြင်မှာတကယ်သရဲအခြောက်ခံလိုက်ရသလိုပဲ အကိုရယ်. . . . ''

အိပ်မက်ဆိုးကြောင့် ရှားကိုယ်လေးမှာတုန်ခိုက်နေပေသည်။ မျက်နှာမှာလည်းသွေးပျက်နေသည့်ပုံနှင့် တကယ်ပင်ထိတ်လန့်နေမှန်း စစ်သွေးခန့်မှန်းမိသည်။

''အိပ်မက်ပါ . . မကြောက်နဲ့တော့နော် . . .''

ကြားထဲကနေ စစ်သွေးကဖြေသိမ့်ပေးနေတာမို့ ရှားသက်သာရာရသွားလေသည်။ သက်ပြင်းအကြိမ်ကြိမ်ချရင်း သူ့ရဲ့ကြောက်စိတ်တွေကိုဖြေဖျောက်လိုက်နိုင်၏။

''ကဲ . . .ဒီနေ့အတန်းတွေစမှာပဲ မင်းကိုလည်းနေရာတွေလိုက်ပြရဦးမယ် မြန်မြန်ပြင်ဆင်ရအောင်. . .''

အသိပေးစကားပြောပြီး ကုတင်ကနေ စစ်သွေးထွက်ခွါသွားသည်။

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

🍕🌭🥗🥘🍝🌯🍤🍗🍤🍗🍤🍲🍱🍣🍱🍥

အကုန်ပြင်ဆင်ပြီးကြတဲ့အခါမှာ ထမင်းစားဆောင်ကို အရင်သွားလိုက်ကြ၏။

ထမင်းစားပွဲတန်းတွေအစီအရီဖြင့် သေသပ်စနစ်ကျလှသော ထမင်းဆောင်ဖြစ်သည်။ ထိုတွင် သင်တန်းသူ သင်တန်းသားတို့အသီးသီးစားသောက်နေကြ၏။

နေရာယူဖို့အတွက် စစ်သွေးက လူလွတ်သောနေရာတစ်ခုကိုရွေးလိုက်သည်။

''ဒီမှာထိုင်ရအောင်နော်. . . .''

''ဟုတ် အကို. . . .''

Piano Ghost (Complete)Where stories live. Discover now