Part 18

2K 243 4
                                    

(Uni) Last Night 12:00 PM;;;

ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေပြီး အမှောင်ထုကဖြိုခွင်းထား၍ ကြောက်စရာကောင်းလွန်းလှသည်။

သစ်ပင်များမှ မထိတထိလှုပ်ခတ်နေကြသော သစ်ရွက်များ၏အသံမှာ လူကိုစိတ္တဇဖြစ်စေလောက်သည်အထိ ခြောက်ခြားဖွယ်ကောင်းနေသည်။ ထို့ပြင် အတိအကျမပြောနိုင်သော အဝေးနေရာတွေမှ ကျယ်လောင်စွာ ခွေးအူသံတွေကို တစိမ့်စိမ့်ကြားနေရသည်ကား ကျောချမ်းစရာပင်။

"ကဲ စလို့ရပြီ. . . "

သို့သော် လက်ရဲစိတ်ရဲရှိကြတဲ့ မိန်းကလေးတစ်စုဟာ လက်ထည့်စမ်းချင်တဲ့အတွက်ကြောင့် ကျောင်းအိုကြီးရှေ့တည့်တည့်မှာ spirit the coinကို ကစားဖို့လုပ်ဆောင်လျက်ရှိကြသည်။

ကျောင်းအိုကြီးရဲ့တံခါးဝရှေ့တည့်တည့်က အခံ့သားရှိပြီးသားစားပွဲဟောင်းတစ်ခုပေါ်မှာ သရဲခေါ်ဖို့အတွက် သက်ဆိုင်တဲ့ပစ္စည်းတွေကို ပြုလုပ်ထားပြီးပြီဖြစ်သည်။

ဤသည်ကို မကြောက်မရွံ့ပြင်ဆင်နေသူကာ လေပြေသင်းပင်ဖြစ်သည်။ သူမသည်မည်သည့်အရာမျှအကြောက်တရားမရှိ။
သရဲဆိုတဲ့အရာကို ယုံကြည်သော်လည်း တစ်စက်ကလေးမှမကြောက်ပေ။

ဘေးမှ သူငယ်ချင်းလေးယောက်မှာ တကုတ်ကုတ်နှင့်တုန်လှုပ်နေကြလေသည်။

"လေပြေ ကောင်းပါ့မလား. . . ငါတို့ပြန်ရအောင် . . ဒီကျောင်းအိုကြီးက တကယ်သရဲပေါင်းစုံရှိတာတဲ့နော်. . . "

ထိုအခါ လေပြေက သူ့သူငယ်ချင်း လင်းယင်ကို မျက်စောင်းထိုးကြည့်လိုက်ပါ၏။

"ဟာ. . . လာပြီးမှတော့ အဆုံးထိလုပ်ကြရအောင်ဟာ. . . နင်တို့ပဲ သရဲကိုတွေ့ချင်တယ်ဆို. . . "

~ ~ ~ ~ Arwooo. . . . . ဝုတ်. . . . .ဝုတ်. . . ~ ~  ~

လေလေးတစ်ချက်တစ်ချက်တိုးဝှေ့ရင်း တိတ်ဆိတ်သောပတ်ဝန်းကျင်မှ ပဲ့တင်ထပ်ကာကြားလာရသော ခွေးအူသံတို့ဟာ သရဲတို့ရဲ့အသံတွေအလား . . . .

"လေပြေ ငါလည်းကြောက်တယ်. . . ငါတို့ခိုးထွက်လာတာကို အဆောင်မှုးသိရင်လည်းမကောင်းဘူးနော်. . "

"နင်တို့မကစားဘူးဆိုရင် ဒီကျောင်းကြီးတံခါးကိုဖွင့်လိုက်မှာနော်"

Piano Ghost (Complete)Where stories live. Discover now