Part 26

2K 217 18
                                    

(Uni) ရှားကတော့ သူမေးတာကို မဖြေပဲ သူ့ကို ပြူ းကြောင်ပြီးကြည့်နေ၏။

"အကို့မျက်နှာကိုရော သေချာ ပီပီပြင်ပြင် မြင်ရလား. . . "

သံသယမျက်ဝန်းတွေနဲ့ မေးလာမှ ရှားမျက်ဝန်းတွေက ဂနာမငြိမ်ဖြစ်လာကာ ခေါင်းရမ်းပြလေသည်။

"မင်း မရူးသေးပါဘူး. . . . လာ. . . . "

ရှားရဲ့လက်ကို ဆွဲပြီး ကုသဆောင်သို့ အတင်းပြန်ခေါ်လာခဲ့သည်။

"ဟ. . . . ငနဲလေး. . . . ပြေးသွားတာတန်းနေတာပဲ. . "

"ငါတို့ လိုက်ရှာတော့မလို့. . . ဆရာဝန်နဲ့တိုးနေလို့ကွ. . . "

ကုသဆောင်အခန်းထဲမှာ ရဲသော်နှင့်ဇွဲတို့ ရှားကိုမြင်တော့ စစ်သွေးလက်ထဲမှ ရှားကို ဆွဲလုလိုက်လေသည်။

#ကလေးကို လုနေကြတာ. . . #

"ဆရာဝန်က ဘာတဲ့လဲ. . . "

စစ်သွေးလည်း မမေးချင်ပေမယ့် သူ့သူငယ်ချင်းညီလေးအတွက်ဆိုပြီး သူလည်းသိသင့်တာမို့ မေးလိုက်မိသည်။ သို့သော် မာနခဲ ရဲသော်ကလည်း လုံးလုံးမပြော။ ခေါင်းမာနေသည်။ ကြားကနေ ဇွဲပဲပြောရတော့တာပေါ့။

"အဆောင်ပြန်လို့ရပြီတဲ့. . . စိတ်ခြောက်ခြားစရာတစ်ခုခုကြောင့် ထိတ်လန့််နေတာဖြစ်ပေမယ့် စစ်ဆေးကြည့်တော့ အကုန်လုံးကပုံမှန်ပဲတဲ့. . . အချိန်ကုစားလိုက်ရင် အကောင်းပဂတိပြန်ဖြစ်သွားမှာတဲ့. . .   "

"ဒါဆို သူအခုဆင်းလို့ရပြီပေါ့. . . . "

"အင်း. . . "

❗❗❗❗

"အဆင်ပြေရဲ့လား Mr.mas . . . အားနာလိုက်တာဗျာ. . . ဘယ်ကကောင်လဲ မသိဘူး. . . "

Mr.masခမျာ ရောက်ရောက်ချင်း ဘုထရလေသည်။ ရှား လက်ကမြင်းသွား၍ ခေါင်းမှာ ပတ်တီးကြီးနှင့်ဖြစ်ရရှာ၏။ သို့သော် သူကစိတ်မဆိုးပဲ တပြုံးပြုံးနှင့်။

"ရပါ့ဗျာ. . . ဟားဟား. . . ချစ်လို့စတယ်လို့ယူဆလိုက်ပါ့မယ်. . ဒါပေမယ့် ဘယ်သူလဲဆိုတာတော့ သိချင်တယ်ဗျ. . . "

သူက ရယ်မောကာ ပြောနေသော်လည်း သူ့တပည့်တွေက သူ့အတွက် စိတ်တိုနေကြသည်။

Piano Ghost (Complete)Where stories live. Discover now