မာယာကင်းမဲ့ဇုန်
........................ အပိုင်း ၁အခန်း( ၁ )
ဒိန်းဒလိန်းဂျိန်း.....!!!
အို......!!
ရင်ထဲမှာ ဖိုးသိုးဖတ်သတ်ဖြစ်သွားရသည်။ လေပြင်းတိုက်သည်မျှမကြာသေး။ ချက်ချင်းပင် မိုးကရွာချလေ၏။ မိုးရွာသည် ဘယ်ကမလဲ....လျှပ်စီးလက်ချက်တို့
က ကြမ်းမှကြမ်းပဲ........။ဒေါ်ရင်မွှေးသည် နှုတ်ခမ်းကိုက် လျှာကိုက်လုပ်ရင်း အခန်းတံခါးတို့ကို အပြေးအ
လွှားပိတ်နေချိန်မှ မိုးခြိမ်းသံကြောင့် ရင်ထဲ လန့်ဖြန့်လျှက်....။ သည်ကြားထဲ မိုးဆို
သည့် အနံ့အသက်လေးတောင် ရသည် .... မရသည်မသဲကွဲ....ရန်ကုန်မြို့တော်ကြီး
မှာ ဖြစ်နေကျအတိုင်း မီး က ပြတ်တောက်သွားလေပြီ......။ထို့ကြောင့် ဖုတင်းနေ
သည့်စိတ် .... ညစ်နေသည့် မိမိစိတ်တို့သည်က ဘယ်ဆီရောက်လို့ ရောက်ကုန်သည်
မသိ.....မိုးသံ လေသံ မိုးခြိမ်းသံတို့ကြောင့် အကုန် ကြက်ပျောက်ငှက်ပျောက်ဆိုသ
လိုပျောက်သွားရရှာသည်........။မိုးရွာခြင်း မိုးခြိမ်းခြင်း လေပြင်းတိုက်မှုတို့ကြောင့် သူမရှိနေသည့် နေရာမှ အခန်း
ပြတင်းတို့ကိုပိတ်နေသည်မှ နေရာတို့သည် မိုးအမှောင်ချမှုတို့ကြောင့် ချုန်းချုန်း
ကျမှောင်မိုက်နေသည်။''ဒုက္ခပါပဲ.......!''
သည်နေ့မှဖြင့် တစ်အိမ်လုံးတွင် သူမတစ်ယောက်တည်းရှိနေသည်။ အမျိုးသားနှင့်
သားသည် အပြင်ကိုရောက်နှင့်နေကြသည်။ အိမ်အကူကျပြန်တော့လည်းမနက်ပိုင်း
ကနေ ညနေအထိပဲငှါးသည်မို့ပြန်နှင့်လေပြီ။ ခြံစောင့် ဖိုးအောင်အား သည်အချိန်
ကြီးအိမ်ထဲခေါ်သွင်းရန် သင့်တော်၏ မသင့်တော်၏ ဆိုသည်ထက် သည်အချိန်အိမ်တော်ကြီးတွင် သူမတစ်ယောက်တည်းအဖြစ်မို့ ပတ်ဝန်းကျင်ကိုလည်း သူမ
ထည့်စဉ်းစားမိသည်။ မိုးခြိမ်းသံ လျှက်စီးသံတို့ကြောင့် သူမအဖြစ်သည် ထိတ်လန့်
ဖွယ်ရာ အဖြစ်မျိုးနှင့် ကြုံနှင့်လေပြီ ဖြစ်၏........။
YOU ARE READING
မာယာကင်းမဲ့ဇုန် ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
Non-FictionUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...