မာယာကင်းမဲ့ဇုန်
........................ အပိုင်း ( ၂၈ )ညနေဆည်းဆာကို နှုတ်ဆက်သွားခဲ့ပြီဖြစ်တဲ့တောင်
စွယ်ကြီးကို မိုက်တီးတချက်ငေးကြည့်မိသည်။ ကားနောက်ဘက်ကနေ အသင့်လိုက်
နေရင်း အရှေ့က တပည့်တွေမောင်းတဲ့ကားကိုစီးနင်းကာ ဒေါသအိုးတွေပေါက်ကွဲမိ
သည်။ တလမ်းလုံးလည်း ဖုန်းဆက်သံတွေ ဆဲရေးသံတွေ ညံနေလေ၏။ ဒီရောက်
တော့မှ သူ့ပါးစပ်ကနည်းနည်းလေးငြိမ်ကျသွားပေမယ့် သူ့စိတ်မှာတော့ မလိုမုန်း
တီးတဲ့စိတ်တွေ တဖွားဖွားပေါ်ကာ ရှိနေသေးသည်။"ရောက်ပြီ ဆရာ"
ကားကဘယ်ချိန်ရပ်သွားမှန်းကိုသူမသိအောင် အတွေးတွေများပြား
နေခဲ့သည်။ အရှေ့ကအသံကြားမှ အတွေးတွေ ပြန်ဝင်၏။ ဒီတော့မှ ပါလာတဲ့ လူသုံး
ယောက်ကိုကားပေါ်ကနေ ဆင်းစေသည်။"ရောက်ရင်ဆင်း၊ ပြီးရင်သွားမယ်"
"ဆရာကားကိုယူမသွားဘူးလား၊ သူတို့က ဒီတောင်ကုန်းပေါ်မှာဆရာ"
"မင်းရူးနေတာလား၊ ဒီအချိန်ကြီး ကားနဲ့တောင်ကုန်းကိုတက်သွားရင် ဟိုသူတောင်း
စားနှစ်ကောင်ပြေးကုန်မှာပေါ့...ကားနဲ့မသွားနဲ့ ခြေလျှင်ပဲတက်"
"ဟုတ် ဟုတ်ကဲ့ဆရာ...ဆရာကောမလိုက်ဘူးလား"
"ဟာကွာ ရှည်လိုက်တာ မင်းပါးစပ်ကိုငါပိတ်ပေးရမလားမောင်မြင့်"စိတ်ကနဂိုကတည်းကတိုနေရတဲ့အထဲမှာမှ သကောင့်သားတွေက
နားမလည်ကြလို့ မိုက်တီးမှာ လက်ထဲမှာကိုင်ထားတဲ့ သေနတ်နဲ့ သူတို့ပါးစပ်ကို
ပိတ်တည့်လိုက်မှ များနေတဲ့ စကားသံတွေ လုံးလုံးငြိမ်သွားကြသည်။ ဒီတော့မှ"သေမယ်....ကဲသွားကြတော့၊ ငါနောက်ကနေလိုက်လာခဲ့မယ်"
"ဟုတ်ဟုတ်ကဲ့ဆရာ"ပါလာတဲ့လူတွေက သူ့ကိုကြောက်တာထက်သူ့လက်မှာကိုင်
ထားတဲ့ သေနတ်အရှိန်ကြောင့် ပြာပြာသလဲ တောင်ပေါ်ကိုပြေးတက်သွားတော့မှသူ့
ဒေါသတွေ ငြိမ်သွားသည်။.............................................
မျက်ဝန်းပြာပြာလေးနဲ့ ပြောလိုက်တဲ့စကားမို့ ညီထွေးရင်ထဲမှာ
အဖြေရှာမရတဲ့ ခံစားချက်တို့က ပေါက်ဖွားလာတော့ ညီထွေးမှာ သူ့ကို ကြည့်ရင်း
ဘာပြောရကောင်းမှန်းမသိတော့ပါ။
DU LIEST GERADE
မာယာကင္းမဲ့ဇုန္ ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
SachbücherUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...