မာယာကင်းမဲ့ဇုန်
............................ အပိုင်း - { ၃၁ }တူတူတူ ... တူတူတူ...တူတူတူ...
အဖွဲ့စကားကောင်းလို့ အားလုံးက ငြိမ်နေတုန်း ဖုန်း ရိန်းတုန်းအသံ
လေးက တတူတူနဲ့မြည်နေတော့ အားလုံးတို့မျက်ဝန်းက သူရဘက်ကို ငေးကြည့်ကြ
သည်။ သူရလည်း မြည်နေတဲ့ဖုန်းကို ကောက်ကိုင်ကာ အခန်းအပြင်ဘက်ကိုလှည့်
ထွက်သွားတော့....''ဟဲလို´´
''ဟုတ်ပါတယ်ခင်ဗျာ´´
''သြော် ရှေ့နေ...ပြောပါခင်ဗျာ´´
''ဗျာ...ကောင်းတာပေါ့ဟုတ်ပြီ ဟုတ်ပြီ...ကျွန်တော်အခုချက်ချင်းပဲ လိုက်လာခဲ့မယ်´´
ဖုန်းပြောပြောပြီးချင်း ဝမ်းသာအားရလေးနှင့် အခန်းထဲသို့ဝင်လာ
တော့ အားလုံးတို့မျက်ဝန်းက သူ့အပေါ်ကျရောက်လျှက်သာ...''ကိုကို ဘာတဲ့လဲ´´
အခန်းထဲရောက်ရောက်ချင်း သီရိက မေးတော့ သူရ ဖြေသည်။
''မိုက်တီးတို့အဖွဲ့ကို ဖမ်းမိပြီတဲ့ ...´´
''ဟာ...ကောင်းတာပေါ့...ကျွန်တော်လည်းလိုက်မယ်ဗျာ´´
ပြောရင်းနှင့်ပင် ကိုရဲ မျက်နှာတို့ တင်းကျပ်လာပြီး လဲနေရာက ကမန်း
ကတန်းထမယ်လုပ်တော့...''ဟဲ့ဟဲ့...အို...´´
''ထလို့မရဘူးလေ...အကို့ဒဏ်ရာက အနာမကျက်သေးဘူး၊ နားရဦးမယ် အကို´´အားလုံးက ကိုရဲကိုကြည့်ပြီးစိတ်ပူသွားကြသည်။ အမေက ကိုရဲထ
မယ်လုပ်လို့ လှမ်းအော်လိုက်တာနဲ့ တပြိုင်နက် ဘေးနားမှာ ရှိနေတဲ့ သီရိက လှမ်းတား
သည်။ ဒီလိုပါပဲ သူရ နဲ့ ချိုတို့လည်း စိုးရိမ်စိတ်နဲ့ ငေးကြည့်ကြပြန်၏။ဒေါက်တာ သီရိက လှမ်းသတိပေးလိုက်ကာမှ ကိုရဲ ငြိမ်ကျသွားသည်။
ပြီးမှ တောက်သံ တညံညံနှင့် ကြိမ်းမောင်းနေလေတော့ ကိုရဲ က စကားဆိုပြန်၏။
YOU ARE READING
မာယာကင္းမဲ့ဇုန္ ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
Non-FictionUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...