မာယာကင်းမဲ့ဇုန်
........................... အပိုင်း - ၃၈
အခန်းထဲရောက်သည်နှင့် ဒလဟောစီးဆင်းနေတဲ့မျက်ရည်တွေကို
သူဖယ်သုတ်သည်။ ပြီးမှ အိပ်ကုတင်လေးမှာ ခြေပစ်လက်ပစ်ပင် လှဲချလိုက်သည်။
ပြီးတော့ ၀မ်းနည်းစိတ်တို့ကို ထပ်ပြီးမြူးစေကာ ကိုရဲ ငိုသည်။ သူငိုနေတာကို ကိုယ့်
ကိုယ်ကို နှစ်သိမ့်ဖို့ထက် အတွေးအားလုံးသည်က ညီထွေးအတွက်ဖြစ်စေခဲ့သည်။ ဒီ
တော့ အိပ်ယာပေါ်မှာသူလာတုန်းက ပစ်တင်လိုက်တဲ့ဖုန်းကို လှဲနေရင်းကနေပြီးအ
သာလေးကောက်ယူလိုက်ကာ ဖုန်းစခရင်ကို ဖွင့်လိုက်ပြီး တစ်ချိန်က အမှတ်တရရိုက်
ဖြစ်ထားခဲ့ကြတဲ့ ဓာတ်ပုံဖိုင်လေးကို သူသတိတရလေး ဖွင့်မိသည်။ဒီတော့.....
''မင်းဝတ်ထားတာက အပြာရောင် တီရှပ်လက်ရှည်လေးနဲ့ အောက်ပိုင်းက
တော့ အနက်ရောင် လေသာသားဘောင်းဘီရှည် ဟုတ်တယ်မလား´´
'' ဟားဟား တော်လိုက်တာကွာ...ကွက်တိပဲ ၊ ဟုတ်တယ် ငါဒီနေ့အပြာရောင်
တီရှပ်နဲ့. လေသာဘားဘောင်းဘီ အရှည်ကိုဝတ်လာခဲ့တာ...ကွက်တိပဲညီထွေး
ဒါကြောင့် ငါပြောတာပေါ့...ဒီအရာတွေက မင်းနဲ့ စိမ်းနေတာမှမဟုတ်ပဲ အ
ပြင်လောကကိုမင်းဒီအတိုင်းကြည့်လို့မမြင်ရပေမယ့် မင်းရဲ့ စိတ်ကူးလေးနဲ့ပုံ
ဖော်ရင် မြင်ရတယ်လို့ ...´´
''ဟေဟေ´´ညီထွေးရဲ့ ပြုံးရွှင်ထားတဲ့ မျက်နှာထားလေးကို သူအသာလေးဇုန်း
ချဲ့လိုက်ပြီးကြည့်သည်။ ပြီးတော့ ဖုန်းထဲမှာရှိနေတဲ့ သူ့ပုံလေးကို ဖုန်းစခရင်တစ်ခုလုံး
မှာ မျက်နှာကိုအပြည့်ဖြစ်အောင်ချဲ့ထားလိုက်ပြီး ကိုရဲ စေ့စေ့ကြည့်ကာ ငြိမ်သက်ရင်း
တဒင်္ဂတစ်ချိန်မှာပဲ ညီထွေး ခန့်မှန်းပြီးပြောဆိုခဲ့တဲ့ စကားကို ပြန်တွေးဖြစ်၏။
YOU ARE READING
မာယာကင်းမဲ့ဇုန် ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
Non-FictionUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...