မာယာကင်းမဲ့ ဇုန်
........................ အပိုင်း - ၆ဆယ့်ငါးနှစ်ခန့်ကြာသောအခါ
"သားလေး အရမ်းနာနေလားဟင်..."
နှုတ်ခမ်းနားလေးမှာ ညိုမဲ့မဲ့ဖြစ်နေတဲ့ ဒဏ်ရာကိုမေမေကကြည့်ပြီး
စိတ်မကောင်းဖြစ်နေတာမြင်တော့ ညီထွေးလည်း အတော်ပင်ဝမ်းနည်းသွားရသည်။"သားအဆင်ပြေပါတယ် မေမေရယ်... ဒီဒဏ်ရာလောက်ကတော့ သားဘဝအတွက်မ
ထူးဆန်းတော့ပါဘူး"နှုတ်ခမ်းနားလေးကို မေမေ အဝတ်စလေးမှာ ရေခဲတုံးတွေထုတ်
ပြီး ကျပ်ရိုက်ပေးသည်။ ပြီးမှ အနားမှာရှိတဲ့ ကိုရဲကို ကြည့်ကာ..."သားကိုရဲ ၊ သားကအရမ်းသူစိမ်းဆန်တာပဲကွယ်... ဘာပဲဖြစ်ဖြစ် သားညီလေးဒုက္ခ
ရောက်နေတဲ့အချိန်မှာ သားက ကူညီပေးရမှာပေါ့။ အခုသားထွေးဒဏ်ရာရလာတာ
ကမင်းကြောင့်ဖြစ်တာဆို..."ကိုရဲက ဘာကိုမှ ဂရုမစိုက်သလိုနှင့် ဧည့်ခန်းဆိုဖာခုံတန်းရှည်
ကြီးမှာ ခြေနှစ်ချောင်းစုံတင်ဆန့်ထားပြီး တစ်စောင်းမှီကာ လက်ထဲက ဖုန်းလေးကို
သာအာရုံစိုက်နေပုံနှင့်..."ဟေ့ ငါမေးနေတယ်လေ..."
အမေလှမ်းအော်တော့ ကိုရဲ လက်ထဲကဖုန်းကို ဧည့်ခန်းစား
ပွဲပေါ်တင်လိုက်သည်။ ပြီးမှ ခြေဆန့်ပြီး တစ်စောင်းမှီထားတဲ့ ကိုယ်ကို တည့်တည့်ချ
ထိုင်လိုက်ပြီး..."သူ့ဟာသူ မနေတတ်မထိုင်တတ်လို့ဖြစ်တဲ့ ကိစ္စလေမေမေ ။ သားနဲ့ဘာဆိုင်လို့လဲ"
သူနဲ့ဘာမှမဆိုင်သလို စကားကို ဘုဆတ်ဆတ်ကြီးဖြေလိုက်
တော့ ဒေါ်ရင်မွှေးမှာ ဒေါသစိတ်တွေ ဖြစ်ရင်း..."သူက မင်းကို အကိုမို့လို့ ဝင်ကူတာလေ၊ ဒါကိုမင်းက မျက်ကွယ်ပြုပြီးဘာမှမဆိုင်
သလို လှည့်ထွက်လာတာ မင်းနဲ့ ဘာမှ မဆိုင်ဘူးတဲ့လား ကိုရဲ"
"မေမေတို့ကတော့လုပ်ပြီဗျာ၊ တစ်ဆိတ်ရှိသားပဲ အပြစ်ကျနေတော့တာပဲ...ဒီအိမ်မှာ
နေချင်စိတ်ကိုမရှိတော့ဘူး..."
YOU ARE READING
မာယာကင္းမဲ့ဇုန္ ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
Non-FictionUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...