မာယာကင်းမဲ့ဇုန်
....................... အပိုင်း - ၂၁ကိုရဲက မောင်းနေတဲ့ကားကို ရပ်လိုက်တော့ မျက်လုံးအပြူး
သားနှင့်ငေးကြည့်နေရှာသည့် ညီထွေးကို ကားထဲကနေစေ့စေ့ကြည့်ရင်း ပြုံးမိသည်။
ပြီးမှကားတံခါးကိုဖွင့်လိုက်ပြီး သူ့ရဲ့ ရှူးဖိနပ်လှလှလေးမှာ ကပ်ပါသွားတဲ့ ခြေ
ထောက်လေးက မြေပေါ်ကို နူးနူးညံ့ညံ့ဆင်းသွားတော့၏။အပြင်ထွက်ထွက်ချင်းကားမှန်ပြတင်းကိုပိတ်လိုက်သည်။ပြီး
တော့ ပါးချိုင့်သားကို ခပ်ထင်းထင်းပေါ်လွင်အောင် ပြုံးထားပြီး ဒီအတိုင်းငေးကြည့်
နေရှာသည့် သူတို့နှစ်ယောက်ကို ပြောင်လျှော်လျှော်လေးလုပ်ကာ...."ဒါက ဘယ်ကိုလွင့်မယ်စိတ်ကူးနဲ့လဲ ကောင်စုတ်"
ပြောရင်း နေကာမျက်မှန်းကြီးကို ချွတ်ပြီး လက်မှာကိုင်ထား
သည်။ ညီထွေးက ဘာမှမဖြေပါ။ သူရ ကတော့ ဒီအတိုင်းဆက်နေရင် သူတို့နှစ်
ယောက်ကားတွေများပြီး ပြဿနာ ဖြစ်နေမှာ စိုးတာမို့ ကိုရဲ စကားကို အလိုက်အ
ထိုက်သင့်ညီစွာနှင့်ပင်ဖြေသည်။"ကိုယ်တို့အပြင်သွားပြီး တစ်ခုခုသွားစားမလို့ညီလေး..."
"ဟာ....အတော်ပဲ ဗျာ...ကျွန်တော်လည်း ဘာမှမစားရသေးဘူး..."! ဘာမှလည်းမဆိုင်ဘူး....သက်သက်ကို လိုက်ဖော်နေတာ...,,,,
ညီထွေးဘက်ကို နည်းနည်းမျှ စောင်းငေးကြည့်ပုံမပေါ်ပါ။ ချက်ချင်း
ပဲ သူရကို ကပ်ပြီး စကားဆိုတော့ ညီထွေးမှာ မျက်နှာထားလေးခပ်ရွဲ့ရွဲ့နှင့်သာ သူ့ကို
စောင်းငေးကြည့်လိုက်တော့ ကိုရဲက သွားတက်ကလေးပေါ်အောင် ရယ်ပြထားသည်။"သွားကြမယ်လေ...ကျွန်တော် ကားကိုမယူတော့ဘူး...အခုက ကိုသူရ ကားနဲ့ပဲသွား
ကြမှာမလား..."
"ဟုတ်တယ် ညီလေး...ကဲ ဒါဆိုသွားကြစို့...ညီညီကားပေါ်တက် ညီလည်းတက်နော်"သူရက ညီထွေးတက်ဖို့အတွက် အရှေ့ကားမှန်ပြတင်းကိုဖွင့်
ပေးတော့ ကိုရဲကညီထွေး မတက်မီ အမြန်တက်လိုက်သည်။ ဒီတော့ ညီထွေးမှာလှမ်း
နေတဲ့ ခြေလှမ်းက တုန့်ခနဲရပ်သွားပြီး သူ့ကိုငေးကြည့်လိုက်တော့...
YOU ARE READING
မာယာကင္းမဲ့ဇုန္ ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
Non-FictionUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...