မာယာကင်းမဲ့ဇုန်
....................... အပိုင်း ( ၂၆ )မနက်မိုးလင်းတော့ နေရောင်ခြည်နွေးနွေးလေးက မျက်
နှာကို ပြတင်းလှိုက်ကာကြားထဲက တိုးဝှေးကျီစယ်သလိုနှင့် ပူနွေးနွေးခံစားချက်ကို
ကိုရဲ ခံစားလိုက်ရသည်။နေရောင်ခြည်ရဲ့ နွေးထွေးမှုကြောင့်ကိုရဲ အိပ်ယာပေါ်မှာ
အိပ်နေရင်းကနေပြီး ခြေဆန့်လက်ဆန့်လုပ်လိုက်ပြီး မျက်လုံးကို ပေကပ်ကပ်လေး
ဖွင့်ကြည့်လိုက်တော့ စူးခနဲ ဝင်ရောက်လာတဲ့ အလင်းတောက်မှုကြောင့် မျက်လုံးကို
ခဏလေးပြန်မှိတ်လိုက်ပြီး ဖြည်းဖြည်းချင်းပြန်ဖွင့်ကြည့်လိုက်တော့ ထိန်လင်းဖြာ
ဝေနေတဲ့ အလင်းဓာတ်ကို သူစတင်ခံစားလိုက်ရသည်။ ဖြူရော်နုဖတ်နေသည့် စောင်
ကိုကိုယ်ပေါ်မှာ လွှမ်းခြုံထားခဲ့တာမို့ ကိုရဲ အိပ်ယာက ပေကပ်ကပ်လေးထရင်းစောင်
ကိုဖယ်ရှားကာ ကြည်လင်တောက်ပနေတဲ့ ကောင်းကင်ကြီးကိုမော့ကြည့်ရန် ပြတင်း
နားသို့သွားမိသည်။ပြတင်းတံခါးနားကိုရောက်တော့ တံခါးဘောင်တန်းလေး
ကိုလက်ဆန့်တင်ထားလိုက်ပြီး သဘာဝရဲ့လေနုအေးအေးလေးကို ကိုရဲ တဝကြီးရှူ
ရှိုက်လိုက်တော့ စိတ်ထဲမှာအတော်လေးလန်းဆန်းသွားမိ၏။ ဒီတော့ ညအိပ်ဝတ်စုံအ
ပြည့်နဲ့မို့ ညအိပ်ဝတ်စုံကို လဲကာ ရေချိုးခန်းထဲဝင်ရန် သဘတ်အဖြူလေးကိုခါးမှာ
ပတ်ရင်း ရေချိုးခန်းထဲဝင်လေတော့၏....။"သားထွေးရယ်...သားထွေး... ဒေါက်ဒေါက်ဒေါက်..."
"လာပြီ မေမေ..."
ညီထွေး ရေချိုးပြီးတာမို့ သူရ နဲ့ ချို တို့ လက်မှတ်ထိုးပွဲကိုသွား
ရန်ဖီးလိမ်းပြင်ဆင်နေတုန်း အခန်းအပြင်က နေပြီး မေမေ တံခါးလာခေါက်နေတာမို့
ဖီးလိမ်းပြင်ဆင်နေတာကို ရပ်ထားခဲ့ပြီး အမေ့ကို တံခါးသွားဖွင့်ပေး၏။"မပြီးသေးဘူးလား သားရဲ့..."
"အင် ပြီးတော့မှာပါမေမေ...အဝတ်လဲရင် ပြီးပါပြီ..."
"အေးအေး...ကိုရဲ ကော နိုးပြီလား..."
"အင် နိုးလောက်ပြီထင်တယ်မေမေ"
"မနေ့က မေမေရောက်တော့ အတော်လေးမိုးချုပ်နေပြီ မို့ သူအိပ်ရေးပျက်မှာစိုးလို့
မနှိုးတော့ပဲ နေလိုက်တယ်....သြော် ဒါနဲ့သားအကို မင်္ဂလာဆောင်ကို ကိုရဲကောသိ
လား"
"ဟုတ် သိတယ်မေမေ ၊ မနေ့က ဖိတ်စာကို သူဖတ်နေတာတော့မြင်မိတယ်"
"ဒါဆို သူ့ကိုပါ ခေါ်သွားကြရအောင်၊ နို့မို့ဆို သူတစ်ယောက်တည်းကျန်နေခဲ့ရမှာဆို
တော့..."
YOU ARE READING
မာယာကင်းမဲ့ဇုန် ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
Non-FictionUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...