မာယာကင်းမဲ့ဇုန်
........................ အပိုင်း - ၁၆ဟူး...........!!!
အတိတ်ကိုနောက်ပြန်ပြီးပြန်တွေးကြည့်တော့ ရင်ထဲမှာနာကြင်ရ
တာက တစ်ကယ်ပါ။ဒါကြောင့် သူအသိတွေပြန်ဝင်လာချိန်မှာ မျက်ရည်တွေက စို့နစ်
နေခဲ့၏။ ကားမောင်းနေရင်း လက်တစ်ဖက်နှင့် သူ့မျက်နှာပေါ်က မျက်ရည်စတို့ကို
အသာလေးဖယ်ရှားလိုက်မိ၏။"ကိုကိုရယ်...."
နှုတ်က ငိုမဲ့မဲ့အသံလေးနှင့် အရှေ့က တရွေ့ရွေ့သွားနေတဲ့ကား
ကိုစေ့စေ့ကြည့်ပြီးခေါ်လိုက်မိ၏။ပြီးတော့..."ပန်းတွေကိုချစ်ပါညီညီ...ပန်းလေးတွေကအရမ်းနူးညံ့တယ်သိလား။ သူတို့က ပင်
မြင့်ပေါ်မှာ စံထားတုန်းဆိုရင် သူ့အလှက လွယ်လွယ်နဲ့မပျက်ပေမယ့်...ခူးယူသူပိုင်
ဆိုင်သွားကြတဲ့အချိန်မှာ အလှတွေက ပျောက်ပျက်သွားတတ်ကြတယ် ညီညီရဲ့...ဒါ
ကြောင့်ပန်းတွေကိုချစ်ပါနော်..."တဲ့"....။"ကိုကို့စကားကြောင့် ညီညီပန်းတွေကိုတန်ဖိုးထားတတ်လာတယ်ကိုကိုရယ်...ကိုကို့စ
ကားကြောင့် ပန်းတွေကိုညီညီ မြတ်နိုးတယ်...ကိုကိုလည်း ညီညီ့လိုပဲပန်းတွေကိုတန်
ဖိုးထားမြတ်နိုးတာတွေ့ရတော့ အရမ်းပျော်တယ်ကိုကိုရယ်..."
ညီထွေး ကားကိုမောင်းနေရင်း အရှေ့ကကား ရပ်လိုက်တာ
မြင်သည်မို့ သူလည်း မလှမ်းမကမ်း လေးကနေရပ်လိုက်၏။ ပြီးတော့ စေ့စေ့ကြီး
ငေးကြည့်နေလိုက်တော့...ခြံစောင့်လို့ထင်ရသည့် အသက်ကြီးကြီးလူတစ်ယောက်ခြံ
တံခါးကိုဆွဲဖွင့်လိုက်တော့ ညီထွေးလိုက်နေတဲ့ကားက ဒီအတိုင်းလေး ငြိမ့်ငြိမ့်လေး
ဝင်သွားသည်။ ကားဝင်သွားပြီမို့ ထိုခြံစောင့် လူကြီးက ခြံတံခါးကို ဆွဲပိတ်လိုက်
တော့ ညီထွေးကားကိုဒီအတိုင်းရပ်ထားခဲ့ပြီး တစ်ဖက်လမ်းကို ခြေလျှင်လျှောက်သွား
ပြီး ထိုအိမ်ကို ခြံတံခါးအပြင်ဘက်က ပြူးကြည့်ချောင်းကြည့်ဖြစ်သည်။
STAI LEGGENDO
မာယာကင္းမဲ့ဇုန္ ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
SaggisticaUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...