မာယာကင်းမဲ့ ဇုန်
........................ အပိုင်း - ၂၀ညီထွေးသူ့ကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချရင်း ထွေထွေးကြီးငေး
ကာ ရပ်ကျန်နေရစ်ခဲ့တော့သည်။ သကောင်သားကတော့ ရေချိုးခန်းထဲဝင်ပြီး သီချင်း
သံကြီးကို အော်ကာ သီဆိုရင်း ကမ္ဘာပျက်နေလေခဲ့သည်။ဘာမှမပြောသာတော့ ဒီအတိုင်းပဲ အခန်းတံခါးပိတ်ခဲ့ပြီး သူလည်း
အိပ်ကုတင်ဘေးနားမှာထိုင်နေတော့သည်။ စိတ်ထဲမှာလည်း သူ့ကိုစိတ်ဆိုးရမလား၊
စိတ်ကောက်ရမည်လား ဆိုတာ မသဲကွဲ ပေမယ့် သေချာတာတစ်ခုကတော့ သူနဲ့ပတ်
သတ်ပြီး စိတ်ချမ်းသာရသည်က အမှန်ပါ။ဒီအတိုင်းသူ့ကိုထိုင်စောင့်နေရင်းမှာပဲ ညီထွေး ညအိပ်ဝတ်စုံကို
ချွတ်ပြီး ခါးဝတ်သဘတ်ဖြူကို လဲဝတ်လိုက်သည်။ ပြီးမှ သူလည်း အပေါ်ပိုင်းဗလာ
ကျင်းဝတ်နဲ့ အိပ်ကုတင်ဘေးမှာ ထိုင်ရင်း ဖုန်းကိုဖွင့်ကာ ဖေစ့်ဘုတ်ခဏဖွင့်သုံးဖြစ်
နေသည်။"ဒုန်း....ခွမ်း....ဘုန်း....အား...သေပါပြီ သေပါပြီ...!!!
ဟောတော ဘာဖြစ်ရပြန်တာတုန်း....!!!အို...ဒုက္ခပါပဲ.......,,,,
ဖုန်းသုံးနေရင်းကနေပြီး ရေချိုးခန်းထဲက လှမ်းအော်သံကြောင့်
ညီထွေးမှာ အတော်လေးကို လန့်သွားသည်။ ကမန်းကတန်းလေး မတ်တတ်ထရပ်
ကာ ရေချိုးခန်းဘက်ကို ပြေးဝင်သွားလိုက်တော့...
ဟင်.......!!!!!ရေချိုးခန်းတံခါးကို လှမ်းခေါက်မည်လုပ်လိုက်တော့ တံခါးက
လော့ခတ်မထားပဲ ဒီအတိုင်းစေ့ထားရုံမျှသာ....ဒီတော့...."ဟာ.......ဟေး.....အို............."
တံခါးကို ဖွင့်ဖွင့်ချင်းမှာပဲ သကောင့်သားက ညီထွေးကို ချက်ချင်း
သိုင်းဖက်ထားလိုက်တာမို့ ညီထွေးမှာ ပြူးတူးပြဲတဲကြီးနှင့်ဖြစ်ကာ...."ဘာလုပ်တာလဲ....အခုချက်ချင်းငါ့ကိုလွှတ်နော် ကိုရဲ..."
"ငါ ငါ ငါကြောက်လို့ပါကွာ....ကြောက်လို့ပါ....နည်းနည်းလောက်ဖက်ထားပါရ
စေနော်...."
YOU ARE READING
မာယာကင္းမဲ့ဇုန္ ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
Non-FictionUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...