မာယာကင်းမဲ့ ဇုန်
........................ အပိုင်း - ၁၂အိမ်မှာ အဖေ့နာရေး ရက်လည်အတွက်လူတွေ အတော်လေး
စည်ကားနေခဲ့သည်။ အမေကတော့ စားပွဲပေါ်မှာ တင်ထားတဲ့ အဖေ့ရဲ့ ပြုံးရွှင်ပြီးအ
သက်မဲ့နေတဲ့ ဓာတ်ပုံကိုကြည့်ပြီး ငိုနေတာပေါ့။ လူတွေကတော့ အဖေ့နာရေးအ
တွက်အတော်လေးစိတ်မကောင်းဖြစ်ရသလိုနှင့် အမေ့ကို အားပေးစကားသံလေးတွေ
ပြောနေတာကြားရသည်။ စီးပွားရေး လုပ်ငန်းနဲ့ပတ်သတ်တဲ့ လူတွေ၊ ရပ်ကွက်ကလူ
တွေ တစ်ခြားသော အမေ့ဘက်က ဆွေမျိုးတော်စပ်သူတွေ၊ အဖေ့ဘက်က ဆွေမျိုး
တော်စပ်သူတွေ စသည့်လူတွေက အမေ့အနားမှာ ရှိနေခဲ့ကြသည်။ အမေ့အတွက်ညီ
ထွေးစိတ်မကောင်းဖြစ်စွာနှင့် အမေ့ကို နှစ်သိမ့်ပေးရင်းအမေ့အနားမှာ ထိုင်နေသည်။တစ်ချက်တစ်ချက် လှမ်းသတိရလို့ ကိုရဲကို လှမ်းကြည့်လိုက်
တော့ ကိုရဲက ဟန်မပျက်ပဲ စီးကရက်ကိုလက်ကြားညှပ်ရင်း တစ်ရှိုက်မတ်မတ်ဖွာနေ
တာမြင်တော့ ညီထွေးစိတ်ထဲမှာ အတော်လေးကသိကအောင့်ဖြစ်ရပြန်၏။"အဖေတစ်ယောက်လုံးသေတာတောင် မင်းက ဟန်မပျက်ပါလား ကိုရဲရယ်..."
နှုတ်က တိုးတိုးလေးရေရွတ်လိုက်တဲ့ ဒီစကားကို ပတ်ဝန်းကျင်က
ကြားနိုင်လိမ့်မည်မထင်ပါ။ ဒါပေမယ့် ညီထွေးက ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်။ အ
မေ့အတွက် ကြွေကွဲနေတဲ့ ဖြစ်ရပ် ၊ အဖေတစ်ယောက်လုံးကို ဆုံးရှုံးလိုက်ရတဲ့ခံစား
ချက်တွေကြောင့် ကိုရဲကိုပဲ ပိုပြီးဒေါသ ထွက်မိသည်။ အဲ့ဒီနေ့က အဖေသေဆုံးခဲ့ရ
တာဒင်းပရောဂကြောင့်ဖြစ်တယ်ဆိုတာ ခြံစောင့်လည်းဖြစ် ကားဒရိုင်ဘာလည်းဖြစ်
တဲ့ ဦးဖိုးအောင်ပြောပြလို့သိထားခဲ့ရသည်။လွန်ခဲ့သော ခုနှစ်ရက်ခန့်က
....................................."တီတီ...တီတီ...တီတီ..."
"မိန်းမရယ် ဖုန်းလာနေတယ်ကွ..."ဒီနေ့က အလုပ်ပိတ်ရက်မို့ ဦးကျော်မောင် အိမ်မှာ အေးဆေးနား
ဖြစ်ခဲ့သည်။ ဧည့်ခန်းမှာ သတင်းစာဖတ်နေတုန်း ဖုန်းကဝင်လာတော့ သတင်းစာဖတ်
နေတဲ့ အရှိန်တွေပျက်သွားမှာစိုးသောကြောင့် မီးဖိုချောင်ဘက်မှာ ထမင်းချက်ပြုတ်
နေတဲ့ ဒေါ်ရင်မွှေးကို လှမ်းပြောလိုက်သည်။ ဒေါ်ရင်မွှေးက ဦးကျော်မောင်စကား
ကြောင့် ချက်ပြုတ်နေတဲ့ ဟင်းတွေကို အိမ်ဖော်ကောင်မလေးကို လုပ်ခိုင်းထားလိုက်
ပြီး ဧည့်ခန်းမှာ တတီတီနဲ့ မြည်နေတဲ့ ကြိုးဖုန်းကိုသွားကာ ကိုင်လိုက်သည်။
DU LIEST GERADE
မာယာကင္းမဲ့ဇုန္ ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
SachbücherUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...