မာယာကင်းမဲ့ဇုန်
....................... အပိုင်း ၂၅ညီညီ....!!!
ရုတ်တရက် လှမ်းခေါ်လိုက်တဲ့ အသံကြောင့် ညီထွေး
ငေးကြည့်မိသည်။ နှုတ်က ဖွင့်မပြောပေမယ့် ညီထွေး မျက်ဝန်းက ပြောလိုက်တဲ့စ
ကားသည်က "ပြောလေ"ဟု အဓိပ္ပာယ် သက်ရောက်နေ၏။ သူရ စေ့စေ့ငေးကြည့်
ပြန်၏။ ပြီးမှ မောင်းနေတဲ့ ကားကို အာရုံစိုက်သလိုနှင့် သူ့မျက်နှာကို လွှဲချထားလိုက်
သည်။"ကိုကို ချို နဲ့ ဒီအပတ်လက်ထပ်တော့မယ်"
ကိုကို ဒီစကားကို ထပ်ပြောဖို့အတွက် ညီထွေးကို ထပ်
ခေါ်လိုက်တာလား။ဖြတ်ကျော်လာခဲ့ရတဲ့ တစ်လပတ်လုံးညီထွေး အလုပ်
ကိုပဲ အာရုံထားခဲ့သည်။တစ်ခြား အကြောင်းအရာတွေကို ဒီအတိုင်းခေါင်းထဲမှာချည်း
ထားနေခဲ့မည်ဆိုပါလျှင် ညီထွေး စိတ်တွေရှုပ်ပြီး သေနိုင်သည်။ ဒါကြောင့် ကိုယ့်
ကိုယ်ကို အတတ်နိုင်ဆုံးထိန်းချုပ်သည်။ နေ့ရက်တစ်ရက်ဖြတ်ကျော်လာတိုင်း အ
လုပ်နဲ့ပဲ အချိန်ကုန်စေသည်။ ပြီးတော့ ဒီအတွင်းထဲ ဘယ်သူနဲ့မှလည်း အဆက်အ
သွယ်မလုပ်ဖြစ်ခဲ့သလို ဘယ်သူနဲ့မှလည်း မတွေ့ဆုံဖြစ်အောင်ကြိုးစားသည်။ တစ်
ခါတစ်ခါ ညီထွေး သူရ ကိုသတိရတဲ့စိတ်တွေ များလာတဲ့အခါဆိုရင်သူ့အကြောင်း
တွေကို အစကနေအဆုံးအထိပြန်တွေးပြီး ဖြေသိမ့်သည်။ပြန်တွေးတိုင်း ပျော်ရွှင်မှုအ
ပိုင်းအစလေးတွေကြုံရင် တွေးရင်းပျော်သလို ဝမ်းနည်းစရာတွေ ကြုံလာရင်လည်း
ဝမ်းနည်းပြီး ငိုကြွေးသည်။ အတိတ်ဟောင်းကို ပြန်တွေးတိုင်း ပျော်ရွှင်စရာတွေက
အလွန်နည်းပါးပေမယ့် သူကိုယ်တိုင်ဖြတ်ကျော်လာခဲ့ရတဲ့ အတိတ်မို့ ဘယ်သောအ
ခါမှမေ့နိုင်မည်မဟုတ်တာတော့ အသေအချာပင်။ကိုရဲကတော့ စာမေးပွဲစစ်ပြီးတာနဲ့ စိတ်ပြေလက်ပျောက်ဖြစ်
ချင်လို့နဲ့တူပါသည်။ ရက်ရှည်ခရီးထွက်သွားတာ တစ်လနီးနီးရှိပြီဖြစ်၏။ ကိုရဲကို
အိမ်မှာ မရှိလို့ကောင်းတယ် ထင်ရပေမယ့်် တစ်ခါတစ်လေတော့ သူ့အကြောင်းတွေ
ကိုတွေးမိပြန်တော့လည်း စိတ်မကောင်းဖြစ်ရသည်။ အိမ်မှာ ကျန်နေခဲ့တဲ့ မေမေ နဲ့
ညီထွေးကတော့ ကိုယ့်အလုပ်ကိုယ်စီနဲ့မို့ သိပ်ပြီး မတွေ့ဖြစ်ကြပေမယ့် ညနေစာ
ထမင်းစားချိန်လောက်တော့ဆုံဖြစ်သည်။ ဒီတော့ ကိုရဲ မရှိလို့ခြောက်ကပ်ကပ်ဖြစ်
နေတဲ့ အိမ်အကြောင်းကို မေမေက ပြောတော့အမြဲနားထောင်ဖြစ်၏။ တစိုက်မတ် မတ်နဲ့အားစိုက်မိတဲ့ အလုပ်ကတော့ နဂိုကထက် တော့ အောင်မြင်လာ၏။ ဒါတွေ ကြောင့်လည်းညီထွေးသူတို့အကြောင်းကိုအရမ်းကြီးအချိန်ပေးပြီး မတွေးဖြစ်တာပါ
။
YOU ARE READING
မာယာကင္းမဲ့ဇုန္ ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
Non-FictionUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...