မာယာကင်းမဲ့ဇုန်
........................... အပိုင်း - ၃၇''တိတ်တော့နော် , တိတ်တော့ ...´´
အခန်းထဲရောက်တော့ ညီထွေးငိုနေတာကို ရပ်စေပြီး သူကိုယ်တိုင်
ပဲကြင်ကြင်နာနာယုယုယယနှင့် နှစ်သိမ့်ပေးသည်။ ပြီးမှ အိပ်ကုတင်ပေါ် တက်ခိုင်းရင်းအိပ်ကုတင်ခေါင်းရင်းမှာ ခေါင်းအုံးကို မတ်တတ်ရထောင်လိုက်ပြီး ညီထွေးကို မှီစေ
သည်။ သူလည်း ညီထွေး ဘေးနားလေးမှာ အသာလေးဝင်ထိုင်ရင်း ညီထွေးကို ပွေ့
ဖက်ထားလိုက်၏။''ငါတို့ ရွေးချည်ရမယ် ညီထွေး...´´
ဟင်....!!!
သူ့လက်ကို ဖွဖွလေးဖမ်းဆုပ်ကိုင်ရင်း ပြောလိုက်တဲ့ စကားကြောင့်
ညီထွေးမှာ ကြောင်သွားရသည်။ ကိုရဲ ကတော့ ဒီစကားကို ညီထွေးမျက်နှာကို စေ့
စေ့ငေးကြည့်ပြီး ပြောဖြစ်တာပင်။''ငါလည်း ဒီစကားကို ပြောချင်နေတာ ကိုရဲ...´´
ရင်ထဲမှာ ရှိနေတဲ့ စကားတစ်ခွန်းသည်က သူတို့နှစ်ဦးကိုတိုက်ဆိုင်
စေသည်။ ဒါပေမယ့် ခံယူချက်ချင်း မတူညီတာသိသည်။ ကိုရဲ ပြောမည့်စကားက ညီ
ထွေးအတွက်ဆိုရင် ဘာမဆို ဖြစ်နိုင်ခဲ့ပေမယ့် ညီထွေး စကားက ကိုရဲ တွေးထားမိခဲ့
သလို ဖြစ်နိုင်ပါ့မလား ဆိုတာ မသေချာပေ...။ ဒီတော့ ကိုရဲ ပြုံးလိုက်မိသည်။ သူပြုံး
တဲ့အပြုံးက အပြစ်ကင်းစင်တဲ့အပြုံးမျိုး။ နောက်တစ်ခုက သူ့အပြုံးသည် အရာရာ
ကိုလက်ခံနိုင်သည့်အပြုံးမျိုး။ အရှင်းဆုံးပြောရရင်တော့ သူကိုယ်တိုင်ပဲ သားကောင်
တစ်ယောက်လို့် သတ်မှတ်ပြီး ချစ်ခဲ့မိတာ ဆိုတော့ ကိုရဲ က ညီထွေး ပြောရင် ဘာမ
ဆိုဖြစ်နိုင်တယ် ဆိုတဲ့ အပြုံးမျိုး။ ဒီတော့ ညီထွေးဆီက ထွက်ကျလာမယ့် စကား
သည် ကိုရဲ အတွက် ချိုနိုင်မည်လား၊ ခါးသက်နေမလား မသိနိုင်ပေမယ့် ကိုရဲ ပြုံး
ထားမိသည်က အချစ်ကို အပြုံးနဲ့ ရင်ဆိုင် ရမည် ဆိုသည့် သဘောသာသာ....။''ဒါဆိုရင် မင်းပဲ အရင်ပြောလိုက်ပါ ညီထွေး ၊ ပြီးမှ ငါပြောမယ်´´
YOU ARE READING
မာယာကင္းမဲ့ဇုန္ ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
Non-FictionUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...