မာယာကင်းမဲ့ ဇုန်
........................အပိုင်း - ၁၇နာရီတစ်ချက်ငေးကြည့်မိတော့ ညသန်းခေါင်တောင်
ကျော်နေပြီဖြစ်သည်။ ကိုရဲ အခုအချိန်ထိအိပ်မရနိုင်သေး။ ညမီးအိမ်လေးကိုခပ်စွေ
စွေထွန်းထားတာမို့ အလင်းက မှိန်ဖျော့ဖျော့လေးဖြစ်သည်။ ဒီတော့ ကိုရဲ အိပ်နေရာ
ကနေအိပ်ကုတင်ပေါ်မှာ ထိုင်ချလိုက်ပြီး အိပ်ကုတင်ဘေးနားက မှန်တင်ခုံပေါ်မှာတင်
ထားတဲ့ ဆေးလိပ်ဘူးကိုလှမ်းယူလိုက်သည်။ ပြီးမှ မီးခြစ်လေးနှင့်ခြစ်ဆွဲလိုက်ပြီး
ဆေးလိပ်ကိုမီးစွဲစေ၏။ ပြီးမှ မျက်လုံးစုံမှိတ်ရင်း ဆေးလိပ်အခိုးအငွေ့အသက်တို့ကို
တစ်ရှိုက်မတ်မတ် ရှူသွင်းလိုက်ကာ တွေးလက်စ အတွေးကို ဆက်တွေးဖြစ်သည်။"ကိုကိုနေနိုင်တယ်နော်...."
"ညီညီ... ညီညီလား....အခုပြောနေတာ ညီညီဟုတ်ပါတယ်နော်....ညီညီ...."
ဖုန်းကိုစပီကာဖွင့်ထားတာမို့ အားလုံးကြားနိုင်သည်။ ညီထွေး
က နားအနားမှာ ကပ်ပြီး နားထောင်ဖို့အင်အားမရှိတာမို့ ဖုန်းကို စပီကာဖွင့်ထားခြင်း
ဖြစ်သည်။ တစ်ဖက်က လှမ်းခေါ်နေတဲ့အသံကြားတာမို့ ပါးစပ်ကို ကိုယ့်လက်ကိုယ်
ဆုပ်ရင်း ခပ်တင်းတင်းလေးကိုက်ပြီး ငိုသည်။ ဒီတော့ အနောက်ကရပ်နားထောင်နေ
တဲ့ ကိုရဲက..."ဒါဆို သူအခုပြောနေတာ... သူ့ရဲ့ငယ်ဘဝက ကျော်သူရ......များလား...."
သူပြန်ပြောမယ့်စကားကို ဒီအတိုင်းနားထောင်နေလိုက်တော့...
"ပန်းတွေကိုမြတ်နိုးတန်ဖိုးထားတဲ့ ကောင်လေးတစ်ယောက်ပါ "
စကားကို အဓိပ္ပာယ် ရှိရှိပြောလိုက်တာမို့ တစ်ဖက်က အားရ
ဝမ်းသာလေးနှင့်..."ညီညီ...ဟား....ညီညီရယ်...ကိုကို့ကို ညီညီဆက်သွယ်တယ်နော်...ဝမ်းသာလိုက်တာ
ကလေးရာ...အခုဘယ်မှာလဲ ကိုကိုအခုချက်ချင်းလာမယ်...ညီညီအခုဘယ်မှာလဲ"သူရက တကယ့်ကို လိုလိုလားလားနဲ့ ပြောနေတာကြားတော့
ညီညီ့မှာ ဝမ်းနည်းပူဆွေးနေတာတောင် ဘယ်နားရောက်ကုန်သည်မသိပါ။
YOU ARE READING
မာယာကင်းမဲ့ဇုန် ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
Non-FictionUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...