မာယာကင်းမဲ့ဇုန်
....................... အပိုင်း ( ၂၇ )"ဗျာ...."
ဟာကွာ.....
"ဘယ်လိုဖြစ်ရတာလဲ အဖေ၊ အားလုံးပြီးစီးနေကာမှ"
"ဂိုးလ်ဒင်းလိုင်ရန် ကုမ္ပဏီကနေပြီး ကြားဖြတ်ခုတ်သွားတာလို့ကြားတယ်သား"ဒီနာမည်ကိုကြားကြားချင်း သူ့ရင်ထဲမှာ မီးလုံးကြီး ပေါက်ထွက်သွား
သလိုခံစားလိုက်ရသည်။"တောက်.... တွေ့မယ် ၊ ဒီကုမ္ပဏီကလူတွေကော ဒီကုမ္ပဏီကိုပိုင်ကြတဲ့ လူတွေကော
မိုက်တီးဘာကောင်လဲဆိုတာ တွေ့မယ်"သိချင်တာသိလိုက်ရတော့ ဒေါသအိုးကြီးအလုံးလိုက်ပွင့်ထွက်
သွားကာလက်ထဲမှာကိုင်ထားတဲ့ ဖုန်းကိုပါကိုင်ပေါက်ပစ်လိုက်ချင်မိသည်။ဘယ့်နှယ်......။
"တောက်... ဒီလို ကျော်ခွတဲ့ လုပ်ရပ်တွေနဲ့ကောက်စားလာလုပ်တာ မင်းတို့တစ်ခြား
လူတွေကိုပဲရမယ်...ဂိုးလ်ဒင်းလိုင်ရန် ဂိုးလ်ဒင်းလိုင်ရန်... ဟင်း မင်းနဲ့ ငါ့ကြားကပတ်
သက်မှုတွေက အခုအချိန်ထိ မပြီးသေးဘူး ရဲကျော်စွာ ရဲကျော်စွာ မင်းတို့လုပ်ရပ်
တွေအတွက် မင်းတို့ ကောင်းကောင်းကြီးပေးဆပ်ဖို့သာပြင်ထားပေတော့ တောက်"ဧည့်ခန်းဆိုဖာခုံမှာထိုင်နေရင်း အဖေ့ဆီက ဖုန်းလာတာကြောင့်
ဖုန်းလက်ခံပြောနေခဲ့တာပင်။ အလုပ်ကို ဖေဖေဦးဆောင်နေခဲ့ပေမယ့် ဖေဖေ့အလုပ်
တိုင်းကိုမိုက်တီးဝင်စွတ်ဖတ်ကာ သားဖနှစ်ယောက် အကြံတွေ ထုပ်ရင်း လုပ်ကိုင်လာ
ခဲ့တာ နှစ်တွေလည်းကြာမြင့်ခဲ့ပြီ။ မိုက်တီးက ဘယ်အလုပ်ကိုမဆို သူကိုယ်တိုင်ဦးစီး
ဦးဆောင်လုပ်ကိုင်တယ်ဆိုတာမရှိပေမယ့် အကြံပေးဘက်ကတော့ အမြဲနေတတ်တဲ့
လူတစ်ယောက်ပင်။ တစ်ဦးတည်းသောသားမို့ ဖိဘ တွေကလည်း အလုပ်ကိုဦးစီးပြီး
လုပ်ကိုင်မခိုင်းပေမယ့် မိုက်တီး ဆိုသူကတော့ ဒီအလုပ်နဲ့ပတ်သက်ပြီး အဖေ့ဆီက
လက်ဆင့်ကမ်းအမွေပေးထားတာမို့ အလုပ်နဲ့ပတ်သက်လာရင် ကျွမ်းကျွမ်းတဝင်
နားလည်ထားသည်။
YOU ARE READING
မာယာကင္းမဲ့ဇုန္ ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
Non-FictionUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...