မာယာကင်းမဲ့ဇုန်
....................... အပိုင်း ၊ ၁ ၊ဒိန်းဒလိန်းဂျိန်း...!!!
အို...!!!
ရင်ထဲမှာ ဖိုးသိုးဖတ်သတ်ဖြစ်သွားရသည်။ လေပြင်းတိုက်
တာမှမကြာသေးဘူး ချက်ချင်းကြီး မိုးက ရွာချလိုက်သည်။ မိုးရွာတာ ဘယ်ကမလဲ
လျှပ်စီးလျှပ်ချက်တွေက ကြမ်းမှကြမ်းပဲ။ဒေါ်ရင်မွှေးက နှုတ်ခမ်းကိုက် လျှာကိုက်လုပ်ရင်း အခမ်းတံခါး
တွေကို အပြေးအလွှားပိတ်နေခါမှ မိုးခြိမ်းသံကြောင့် ရင်ထဲအတော်လန့်သွားရသည်။
ဒီကြားထဲ မိုးဆိုတဲ့ အနံ့အသက်လေးတောင် ရလား မရသည်လားမသဲကွဲ ရန်ကုန်မြို့
တော်ကြီးမှာ ဖြစ်နေကျအတိုင်း မီးကပြတ်တောက်သွားရသေး။ဒေါ်ရင်မွှေးစိတ်ထဲမှာ အတော်လေးကို ကသိကအောင့်ဖြစ်သွား
ပြီး ဖုတင်းနေတဲ့ စိတ်၊ ညစ်နေတဲ့ မိမိစိတ်တို့သည်က ဘယ်ရောက်ကုန်သည်မသိတော့
ပါ ၊ မိုးသံ လေသံ မိုးခြိမ်းသံတို့ကြောင့် အကုန်ကြက်ပျောက်ငှက်ပျောက် ပျောက်သွား
ရရှာသည်။
အိမ်တံခါးတွေကို လိုက်ပိတ်နေရင်းက မီးပြတ်သွားသည်မို့်ဒေါ်
ရင်မွှေးအမြင်တို့သည်က ချုန်းချုန်းကျ မှောင်မိုက်သွားရသည်။"ဒုက္ခပါပဲ.."
ဒီနေ့မှဖြင့် တစ်အိမ်လုံးမှာ သူမတစ်ယောက်တည်းရှိနေသည်။
အမျိုးသားနဲ့ သားကလည်း မရှိ။ အိမ်အကူကျပြန်တော့လည်း မနက်ပိုင်းကနေ ညနေ
ပိုင်းအထိ ငှါးထားတာမို့ ပြန်နှင့်လေပြီ။ ခြံစောင့်ဦး ဖိုးအောင်ကို ဒီအချိန်ကြီး အိမ်ထဲ
ခေါ်သွင်းဖို့ကျပြန်တော့လဲ မသင့်တော်ပြန်ဖြစ်၏။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်
နေတဲ့ သူမ အဖြစ်တို့သည်က ထိတ်လန့်ဖွယ်ရာ အဖြစ်မျိုးနှင့်ကြုံနှင့်လေပြီ။ပြတင်းတံခါးနားမှာ မှောင်မှောင်မဲမဲ တစ်ယောက်တည်းရပ်
နေရင်း ရုတ်တရက် လျှပ်စီးလျှပ်လိုက်တာမို့ အခန်းတစ်ခန်းလုံး ဖျက်ခနဲ လင်းလက်
သွားသည်။ သူမသည် ကြောက်လည်းကြောက် လန့်လည်းလန့်နှင့် အသိတစ်ခုဝင်လာ
မိ၏။
YOU ARE READING
မာယာကင္းမဲ့ဇုန္ ( မာယာကင်းမဲ့ဇုန် )Complete ( Z+U )
Non-FictionUnicode ကျွန်တော်တို့ အသက်ရှင်ခြင်းမှာ စည်းမလိုဘူး။ ကန့်သက်ချက်မလိုဘူး။ ဖြစ်ချင်တာကိုဖြစ်သင့်သလောက်လေးလုပ်ပြီးဘဝကိုအကောင်းဆုံးဖြတ်ကျော်ကြရတာချည်းပဲ။ ပညက်ချက်တစ်ခုအောက်မှာ ကိန်းဝပ်နေသမျှ ဘဝနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာခက်ခဲနက်နဲတဲ့တိုက်ပွဲတစ်ခုသာသာ...